စာစဉ်(၁၀)အပိုင်း(၁၀၆)

581 41 0
                                    

Lengends of spring goddness

အပိုင်း(၁၀၆)သတ်ပွဲ(၃)

ကျူးလစ်ပြုံးလိုက်တယ်

ဖုန့်ဟွမ်ကသဘောတယ်ဆိုတိုင်း မခန့်လေးစားလုပ်လို့ရတယ်လို့ပြောတာမဟုတ်ဘူးလေ

အဲ့နားကပိတ်ပင်ထားတဲ့လူတွေအကုန်မဲတူးကုန်တော့မှ ဖု့န့်ဟွမ်က သူ့ဖီးနစ်ငှက်ကိုပြန်သိမ်းလိုက်တယ်

"ဖီးနစ်ကုန်းမြေသခင် "

ကျုးလစ်ဆက်‌ေလှျာက်သွားတဲ့အချိန်မှာ ရှောင်စစ်က ချက်ချင်းပဲ ဖုန့်ဟွမ်ရှေ့ကိုပြေးလာပြီး စကားပြောဖို့လုပ်လိုက်ပေမဲ့ ဖုန့်ဟွမ်ရဲ့အကြည့်တချက်မှာပဲ ခြေထောက်တွေကအေးခဲသွားသလိုရပ်တန့်သွားတော့တယ်

ပြောချင်တာတွေအကုန်ကိုလဲ ပြန်မျိုချမိသွားတာပေါ့

ကျူးလစ်ကတော့တောင်ပေါ်တက်သွားလေပြီ

ကျန်တဲ့သူတွေလဲအလျိုလျိုလိုက်တက်သွားကြတယ်

ရှောင်စစ်တယောက်သာ ငူငူကြီးကျန်ခဲ့တာပေါ့

သူလိုက်တက်သွားရမလား ကျန်ခဲ့ရမလားတွေးနေတုန်းပဲ

လိုက်သွားရင်တော့ တောင်းပန်ဖို့အခွင့်အရေးရှာနိုင်တာပေါ့လို့တွေးလိုက်မိတာနဲ့ သူလဲပဲတက်ပြေးသွားတော့တယ်

အဲ့အချိန်ကျူးလစ်တို့က တောင်ပေါ်ရောက်တော့မှာကို သူတို့လမ်းမှာကာထားတဲ့တောင်ပံငါးခုပါအသားစားပုရွက်ဆိတ်နဲ့ထပ်တွေ့နေကြပြန်တယ်

"ဒါက ဆေးဂိုဏ်းက နေရာလွတ်စွမ်းအားရှိတဲ့နတ်ဒေဝါအဆင့်မီးပုရွက်ဆိတ်ဘုရင်ပဲ ဒါဆို တောင်ပံခြောက်ခုပါမီးပုရွက်ဆိတ်ဘုရင်မကလဲအနီးအနားမှာပဲရှိလိမ့်မယ်"

လျိုကျားရန်က စိုးရိမ်နေတဲ့မျက်နှာနဲ့ သူတို့ကိုလှည့်ပြီ‌းပြောလာတယ်

မျက်လုံးငါးလုံးနဲ့ အတောင့်ပံငါးခုပါတဲ့ပုရွက်ဆိတ်ကြီးဟာ ဆင်တကောင်လောက်ကြီးမားပြီး အဆိပ်ရှိတဲ့နှာမောင်းကလဲဆင်စွယ်ထက်တောင်ပိုကြီးနေသေးတယ်

"ဝိုးးး ဆေးဂိုဏ်းကတော်တော်ချမ်းသာတာပဲ,...ဒီစုံတွဲကိုမွေးမြူနိုင်ဖို့ဆိုတာ တိုင်းပြည်တခုစာလောက်ကြွယ်ဝနေမှရမှာပဲ ...."

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiWhere stories live. Discover now