131.zgi

183 5 0
                                    

Lengends of spring goddness

အပိုင်း(131) တရားဝင်အဆင့်အတန်းများပေးအပ်ခြင်း

"အာ ချစ်သူပဲရှိတာကို ယောကျာ်းနှစ်ယောက်တောင်ကောက်ရသွားတာ‌ဆိုတော့ နဲနဲတော့ ထူးဆန်းသားပဲ နော့ ချင်းချင်းရော ဘယ်လိုထင်လဲ "

"ကိုယ်ကတော့ ......."

သူမစကားကိုပြန်မလို့

ဒါပမေဲ့

ချစ်သူပဲရှိတယ် ?

ချင်းချင်း ?

ဒါ...ဒါက......

"အာ ဟွားဟွား ကိုယ့်ကိုသိတယ်လား "

"မသိပါဘူး ရှင်ကကျွန်မချစ်သူ သူတို့ကကျွန်မသူငယ်ချင်းတွေဆိုတာကိုလဲမသိဘူး ဘာဆိုဘာမှမသိဘူး တကယ် မသိဘူး "

သူမရဲ့အတည်ပေါက်ပြောနေတဲ့စကားကြောင့် အားလုံးကကြောင်အနေကြတယ်

အရင်ဆုံးသတိဝင်လာသူကရှောင်ရှောင်

"အားးး ကျုးကျူးးးး မနောက်နဲ့လေ လန့်လို့‌သေတော့မယ်  သိရဲ့လား"

ပြောပြီးတာနဲ့ ကျုးလစ်ဆီပြေးကာ ခုန်ဝင်လာလေတယ်

ကျူးလစ်ကလဲသူမကိုအလိုက်သင့်ပြန်ဖက်လိုက်တယ်

"ကောင်မလေး ကောင်းကောင်းရောနေရဲ့လား "

ရှောင်ရှောင်ကတော့ သူမရင်ခွင်ထဲမှာအော်ငိုနေပြီ

သူမအရမ်းထိတ်လန့်ခဲ့ရတယ်
သူ့သခင်မပျောက်သွားရင် သူဘယ်လိုနေရမလဲလို့

ရှောင်ရှောင် ရုတ်တရက်အငိုတိတ်သွားပြီး သူမရင်ဘတ်ကိုတချက်ရိုက်လိုက်ကာနှလုံးသွေးတစက်ကို ထုတ်လိုက်တယ်

"ဒါကိုလက်ခံပေးပါ "

"ဒါက ?"

"ရှောင်ရှောင်ရဲ့သခင်ဖြစ်လာဖို့တောင်းဆိုပါတယ် "

"........"

ကျုးလစ် ရှောင်ရှောင်ကိုကြည့်လိုက်တယ်

သူမနဲ့အနီးကပ်ဆုံးသူ အမြဲရှိနေတဲ့သူ

ဘယ်သောအခါမှ သူမကိုမခွဲခဲ့တဲ့သူ

အခုလဲ လိုလိုလားလားနဲ့ အသက်ကိုအပ်နှင်းလာပြန်ပြီ

သူမဖြတ်သန်းခဲ့သမျှထဲမှာ အကောင်းဆုံးမိတ်ဆွေတွေက ရန်ကျင်းနဲ့ရှောင်ရှောင်ပဲ

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiحيث تعيش القصص. اكتشف الآن