Lengends of spring goddness
အပိုင်း(117) အဖိုးထိုက်ရတနာများထက်ပို၍တန်ဖိုးရှိပါသော
"ကျူးကျူး"
".........."
သူမ အားရပါးရငိုရှိုက်သွားပြီးတော့ အဝေးကိုပဲ တချိန်လုံးသေးကြည့်နေခဲ့တယ်
အဲ့လိုကာလကြာလာလေ ဖုန့်ဟွမ်ပိုလို့ စိုးရိမ်လာလေပဲ
အခုချိန် မဟုတ်တာ တခုခုလုပ်မိသွားမှာကိုစိုးရိမ်နေမိတယ်
"အာ အဲ့လောက်လဲစိတ်ဓာတ်မကျပါနဲ့ကွာ အဲ့တာက ဒီအတိုင်း ရတနာလေးတွေပဲမဟုတ်ဘူးလား ကိုယ်ပေးနိုင်ပါတယ်"
သူ့စကားကိုကြားတော့ ကျုးလစ် စိတ်ဆိုးဆိုးနဲ့အဲ့ဌက်စုတ်ကိုကြည့်လိုက်မိတယ်
"အဲ့တာက ဒီအတိုင်း ရတနာလေးေတွပဲတဲ့လား အဲ့ရတနာကိုယူရင် အသက်ကိုပါပေးရမှာကိုမသိတာလား ဒါမှမဟုတ် အဲ့ရတနာတွေထဲမှာ သက်ရှိတွေဘယ်လောက်ရှိနေတာကိုရော ပြောပြရဦးမလား ဖုန့်ဟွမ် ! ! စကားကိုအလွယ်မပြောစမ်းနဲ့ "
"အာ...ကိုယ်က မင်းစိတ်ခံစားရသက်သာစေချင်တာပါ "
"ရှင် ဘာမှ မသိပါဘူး ဖုန့်ဟွမ် ကျွန်မဘယ်လိုခံစားနေရလဲဆိုတာ ရှင်လုံးဝမသိဘူး"
ပြောပြီး ကျူးလစ် ရေခဲဥဘက်ကိုလှည့်ကြည့်လိုက်တယ်
တည်ငြိမ်နေဆဲ ငြိမ်သက်နေဆဲ
ယခင်လိုပဲ ခိုင်ဆဲ ခံဆဲ မြဲဆဲပဲ
သူ ဘယ်အချိန်မှ ထွက်လာမှာလဲ
တလောကလုံးမီးလောင်ပြာကျသွားတာတောင် သူနိုးလာပါ့မလား
တွေးချင်ရာတွေးပြီးမှ သူမရဲ့အတွေးဟာ အရမ်းရယ်စရာကောင်းနေမှန်း ရုတ်တရက်ခံစားလိုက်ရတယ်
တလောကလုံးမီးလောင်ပြာကျသွားတာတဲ့လား
အဲ့အချိန်အထိတောင် သူမခံပါ့မလား
ဘယ်လိုပဲဖြစ်ဖြစ် သူမက သေကိုသေရတော့မှာလား
အရမ်းကြိုးစားခဲ့သမျှ အရာမထင်တော့ဘူးလား
အဲ့ဒါကိုဒီအတိုင်း လက်ခံလိုက်ရတော့မှာလား
ဘယ့်သူ့ကိုမှ မကယ်တင်နိုင်တော့ဘူးလား
ESTÀS LLEGINT
(Complete)(Book2)lengends of spring goddness (oc.nl)uni&zgi
Novel·la històrica100 နောက်ပိုင်းအဆက်ပါ