စာ(11)အပိုင်း(117)

552 42 12
                                    

Lengends of spring goddness

အပိုင်း(117)  ချစ်ရတဲ့ရွှန်းအာ

သူမ ဒေါသထွက်စွာရယ်လိုက်တယ်

"ကောက ကိုယ့်ဘာသာကိုယ်အတင်းလုပ်ယူနေတာပဲဘာလို့စိတ်မလျှော့လိုက်တာလဲ တခြားနည်းလမ်း‌ေလးဘာလေးရှာကြည့်ပါလား ရွှန်းအာကိုတောင် စွန့်လွှတ်နိုင်တဲ့ကောရဲ့အတ္တကို မေ့မေ့ အရမ်းကြောက်တယ် ဘယ်သူသိမလဲ တချိန်မှာလဲ ရွှန်းအာလိုမျိုး မေ့မေ့ကိုလဲလုပ်လာနိုင်တာပဲလေ ဒီကိစ္စသာ ရွှန်းအာသိသွားကြည့်ပါလား ကောဒီမှာအကောင်လိုက်ကြီးရှိနေနိုင်မယ်တဲ့လား "

"ရွှန်းအာသိတယ် "

".............."

"သူလက်ခံတယ် မေ့မေ့အတွက် သူ့အသက်ကိုလိုလိုလားလားနဲ့ပေးအပ်ပါမယ်တဲ့ "

"............."

"ပြီးတော့.........."

"တော်တော့ ! ! ကော ! ထွက်သွားလိုက်တော့ ! ! "

"မေ့မေ့ ! "

"သွားးးးးး ! ! !  "

"ဟူးးး ကောင်းပြီ ကောသွားပါမယ် မေ့မေ့ တခုတော့မှတ်ထားပါ ကောလုပ်သမျှက မေ့မေ့ကောင်းဖို့ချည်းပဲ မမေ့ပါနဲ့ "

ပြောပြီးတာနဲ့ ရှန့်ကွမ်းချိုးယွဲ့ဟာ ဟွာကျန်းရှဲ့နဲ့အတူပျောက်ကွယ်သွားခဲ့တယ်

ကျူးလစ် တော်တော်စိတ်ဆိုးနေမိတယ်

ဒီလိုဘဝထက်

သူများ‌လက်အောက်မှာနေရပြီး သူများခိုင်းတာလုပ်ရတဲ့ဘဝမှာပဲပြန်လည်နေချင်မိတော့တယ်

သူမက ကိုယ့်ကိုကိုယ် ရိုးရှင်းသန်မာတဲ့မိန်းကလေး‌တစ်ယောက်လို့ထင်ထားတာ

ဘယ်သူ့ကိုမှ မမှီခိုပဲ ကိုယ့်အားကိုကိုးပြီး အမြင့်ကိုတက်နိင်တဲ့မိန်းကလေးအဖြစ် ရဲရင့်ချင်ခဲ့တာ

မော်ဒန်ခေတ်မှာ သူမနေရကြပ်တယ် ခက်ခဲတယ်

သေခြင်းရှင်ခြင်းကြားပြေးလွှားနေရတယ်

ဒါပေမဲ့ သူမစိတ်ကတော့ ဗလာစာရွက်တခုလို ရှင်းလင်းလွန်းလှတယ်

အခု သူမဟာ ရှုပ်ထွေးတယ် အားနည်းတယ် သူမစိတ်ဟာ ပိုလို့အရောင်စွန်းလာရတယ်

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiWaar verhalen tot leven komen. Ontdek het nu