“ သွားကြည့်လိုက်ရမလား ”

“ ဘာထူးမှာလဲ ”

ကျန့်ရှောင်ယင်း မေးလိုက်မိတော့ ယန်ဖန်းချီက တား၏။

“ အဲ့နှစ်ယောက်ကို တို့တွေအုပ်လို့ရတာကျလို့၊ သိုက်ယီးရန်က ဝန်ကြီးသမီး၊ သူဌေးဦးလေးခေါ်လာတဲ့သူ၊ ပြီးတော့ လုမန်ကကျ ကျန့်ထျန်းမင်ခေါ်လာတာ၊ ဖျန်ဖြေပေးချင်ရင်တောင် ဘယ်လိုလုပ်မလဲ၊ ဘယ်သူ့ကို ကူညီရမလဲ ”

ယန်ဖန်းချီပြောလိုက်တာကို ကျန့်ရှောင်ယင်းက တွေးတွေးဆဆလေးဖြစ်သွားပြီးမှ
“ သိုက်ယီးရန်က ထားပါတော့၊ လုမန်ကရော၊ လက်ထောက်ကျန့်နဲ့ ဘယ်လိုပတ်သက်တာလဲ ”

“ ဘယ်သိမလဲ ”
ယန်ဖန်းချီ ခေါင်းလေးယမ်းလိုက်ကာ ချင့်ချိန်၍ ဆက်မခန့်မှန်းနေတော့ဖို့ ဆုံးဖြတ်လိုက်သည်။

သို့သော် ယဲ့ရွှမ်းရွှမ်းက ထပြောလေ၏။
“ လက်ထောက်ကျန့်နဲ့ အရင်က သိဖူးတာပဲဖြစ်ရမယ်၊ သူ့အတွက်လိုအပ်တာတွေကြည့်လုပ်ပေးဖို့ တို့တွေကိုသေချာလာမှာသွားတာ ကြည့်ပါလား၊ လက်ထောက်ကျန့်က ပိုးပန်းချင်တာထင်တယ်၊ လုမန် တော်တော် စွမ်းတာပဲ ”

“ အဲ့ဒါနဲ့များ ခုနက နင် သူနဲ့ စကားသွားများလိုက်သေးတယ်နော်၊ လက်ထောက်ကျန့်ကို တိုင်ပြောလို့ လာဆူမှာကို မကြောက်ဘူးလား ”

ကျန့်ရှောင်ယင်း ကောက်ကာငင်ကာ ထမေးလိုက်တော့ ယဲ့ရွှမ်းရွှမ်းမျက်နှာ အစိမ်းပုပ်ရောင်သန်းသွား၏။

ယန်ဖန်းချီ ကျန့်ရှောင်ယင်းကို မျက်နှာလေးပျက်စွာ ကြည့်လိုက်မိသည်။ 

ဒီမိန်းကလေး ဘာဖြစ်လို့ဦးနှောက်မရှိရတာလဲ၊ ဒီလိုစကားကို ယဲ့ရွှမ်းရွှမ်းကိုသွားပြောမှတော့ စိတ်ဆိုးသွားမယ် မဟုတ်လား..

ထိုစဥ် ခြေလှမ်းကျဲကြီးများနှင့် သိုက်ယီးရန်က သူတို့ရုံးခန်းတံခါးဝထိ အပြေးရောက်ချလာကာ “ ကျွန်မဒီလောက်အော်နေတာ ရှင်တို့အားလုံး နားမပါကြဘူးလား ”

ယဲ့ရွှမ်းရွှမ်းတောင်မှ လန့်သွား၏။

ခုနက ဟန်တုံးဖျင်နှင့် ဝင်လာတုန်းကတော့ အပြောအဆို အမူအရာတွေဟာ သူဌေးသမီးတစ်ယောက်လို ဂုဏ်ကျက်သရေရှိနေခဲ့ပါ၏။

ထိုမှစခဲ့သော အချစ်များစွာသည် Tahanan ng mga kuwento. Tumuklas ngayon