" သူပဲပေါ့ "
ယဲ့ရှောင်ရှင်းက နှုတ်ခမ်းတွေကို မဲ့ပစ်လိုက်ကာ
" လောဘတော့ကြီးသား .. ဒီနေ့ပဲ ရောက်တယ် .. တို့မန်နေဂျာကြီးကို မြှူနေပြီ.. "

" ဟုတ်လား .. သူက လာသားနော် "
ယဲ့ရှောင်ရှင်းစကားကို တခြားသူတွေပါ ကြားပြီး အနားမှာ ဝိုင်းဖွဲ့လာကြလေသည်။

" ဟုတ်ဆို ဒီမျက်လုံးကြီးနဲ့ တပ်အပ်ကို မြင်တာ၊ အရှက်ကိုမရှိတာပါ .. ဘယ်လိုမာယာတွေသုံးလိုက်တယ်တော့ မသိဘူး၊ မန်နေဂျာဝူက သူ့လက်ကောက်ဝတ်ကို ဆွဲထားတာပဲ .. တို့တွေက လုပ်ငန်းခွင်မှာ ရှိနေကြတာ တစ်ဌာနထဲမှာလေ၊ သူ ဘယ်လောက်ညှို့အားပြင်း​တယ်ဆိုတာကို လူတွေ မသိမှာစိုးလို့ ထင်ပါတယ် ဝေါ့.. ရှက်တတ်ရင် လဲသေဖို့တောင် ကောင်းတယ် "

" ရဲတင်းလိုက်တာ.. "
လုပ်ဖော်ကိုင်ဖက်တွေလည်း လန့်ကုန်ကြ၏။
" မန်နေဂျာဝူကရော .. ဘယ်လိုလဲ .. သူ့ကို ဘယ်လိုအကြည့်မျိုးနဲ့ ကြည့်လဲ "

" အို .. မန်နေဂျာဝူက သူ့ကို ကြိုက်မတဲ့လား .. ရယ်ရတယ်! "
ယဲ့ရှောင်ရှင်းက သူ့အသားနာသလို ဆတ်ဆတ်ခါအောင် တုံ့ပြန်လေသည်။

ကျန့်ထျန်းမင်လည်း တော်တော်များများကို နားထောင်လိုက်မိပြီးမှ ဟန်ကျိုးလီရုံးခန်းထဲသို့ ဝင်လိုက်တော့..

" လုမန်ရဲ့အခြေအနေ ဘယ်လိုရှိလဲ "
ဟန်ကျိုးလီက ခေါင်းမော့၍ မေးသည်။

" လုပ်ဖော်ကိုင်ဖက်တွေက ဝိုင်းကြဥ်ကြတဲ့ပုံပဲ၊ အဓိကကတော့ ဟိုနေ့က လုချီယွမ်ပြောသွားတာတွေကြောင့်ပေါ့ .. ပြီးတော့ PR ဌာနက မန်နေဂျာဝူနဲ့ လုမန်က အသိတွေဖြစ်လောက်တယ် .. ဆက်ဆံရေးလည်း တော်တော်ကောင်းတဲ့ပုံပဲ "

ပြောနေရင်း ခဏရပ်သွားပြီး ကျန့်ထျန်းမင်က ဟန်ကျိုးလီရဲ့မျက်နှာကို သေချာကြည့်သည်။

" လုမန် သူ့ရုံးခန်းထဲမှာတုန်းက.. သူတို့ချင်း .. လက်ကိုင်ကြတယ်ထင်တယ်.. "

" ဒေါက်! "
ဟန်ကျိုးလီ သူ့လက်ထဲကဘောပင်ကို စာရွက်တွေပေါ် ပစ်ချလိုက်သည်။
" ခုချက်ချင်း လာခဲ့ဖို့ ပြောလိုက် "

" ဘယ်သူ့ကိုလဲဗျ "
ကျန့်ထျန်းမင်က မေးခွန်းပြန်ထုတ်သည်။
လုမန်ကို ခေါ်ခိုင်းတာလား ဝူလီကျဲကို သင်ခန်းစာပေးချင်လို့ ခေါ်ခိုင်းတာလား..

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now