" မန်နေဂျာဝူ .. ကျွန်မတို့ရှိနေတာ ကုမ္ပဏီရုံးခန်းထဲမှာပါ .. ကြည့်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း အများကြီးရှိတယ် .. လူ​တွေ သို့လော သို့လော ပြောကြမှာကို မလိုချင်ဘူး .. ရှင်လည်းပဲ အဲ့ဒီလိုမဖြစ်စေချင်ဘူးလို့ ထင်ပါတယ် "

လုမန်က လက်တွေကို ကျောဘက်ပို့လိုက်ကာ

" မနေ့က အန်တီချိုင်ပြောတာကိုကြားလိုက်ရတဲ့အချိန်မှာ ကျွန်မ တကယ် စိတ်ဆိုးမိသွားတယ်၊ ဒါပေမယ့် တစ်ညလုံး စဥ်းစားပြီးတဲ့နောက်မှာ ဆိုးတဲ့စိတ်က ပျောက်သွားပါတယ်၊ အခုလည်း နားလည်နေပါပြီ၊ ကျွန်မ ကြားချင်သည်ဖြစ်စေ မကြားချင်သည်ဖြစ်စေ အန်တီချိုင်ပြောတာတွေက တကယ့်အမှန်တရားတွေပါ။ ပြီးတော့ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အန်တီချိုင်ဟာ တစ်ခါက ကျွန်မမေမေကို အများကြီးကူညီထားတဲ့သူဖြစ်လို့ ဒီကိစ္စကြောင့်နဲ့တော့ သူ့ရဲ့ကျေးဇူးတွေကို ကျွန်မ မေ့သွားမှာ မဟုတ်ပါဘူး ခုထိပါပဲ "

" မဟုတ်ဘူး ကိုယ်ပြောချင်တာအဲ့ဒါမဟုတ်ဘူး "
ဝူလီကျဲက အကျပ်တွေ့နေသလို ပြောသည်။

" ဒါဆို ရှင်ပြောချင်တာက ဘာလဲ "

" မင်းအပေါ်မှာ ခံစားချက်တွေ ရှိနေပါတယ်လို့ ငါ့ကို အမေ အထင်လွဲနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး မင်းစိတ်ထဲမှာ ကသိကအောက်ဖြစ်နေမှာစိုးလို့ "
ဝူလီကျဲ အနေခက်လွန်းလို့ လုမန်ကို ကြည့်ဖို့တောင် ရှက်ရွံ့နေမိသည်။

" အဟင်း.. ဒီနေ့ ရှင် မပြောရင် ကျွန်မ လုံးလုံး မေ့နေလောက်ပါပြီ မန်နေဂျာဝူ .. အဲ့ဒါတွေ ခေါင်းထဲထည့်မနေပါနဲ့ရှင် .. ကျွန်မတို့က တစ်ဌာနထဲမှာ အလုပ်လုပ်နေကြရတာဖြစ်လို့ ယုန်ထင်ကြောင်ထင်ဖြစ်လာနိုင်တာတွေကို ရှောင်ရပါမယ် .. ရှင် သဘောပေါက်မှာပါ "

အဲ့ဒီလိုသဘောမျိုးနဲ့ မဟုတ်ဘူး .. ယုန်ထင်ကြောင်ထင်မဖြစ်အောင် နေဖို့ ပြောချင်တာမဟုတ်ဘူး .. လို့ ဝူလီကျဲ ပြောချင်သည်။ တကယ်က အထင်မလွဲစေချင်ရုံလေးပါ။

ဒါပေမဲ့ ပြောမထွက်တာက ဘာလို့မှန်းမသိ။

ခုတော့ စပြောမိလို့ နောင်တပါရနေရပြီ။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now