ပူပန်နေတဲ့လေသံနဲ့ ဘယ်သူပြောလိုက်လဲမသိပေမဲ့လဲ
သူကြည့်လိုက်တော့ သူမရဲ့စိမ်းပြာရောင်မျက်ဝန်းများက နောက်တဖန်ပိတ်သွားပြန်ပြီ
"မေ့မေ့ ! "
ရှန့်ကွမ်းချိုးယွဲ့ပျာယာခတ်သွားခဲ့တယ်
လူပြည်မှာသေတာသူဂရုမစိုက်ဘူး
ဘာလို့လဲဆိုတော့ အထက်ဘုံကိုပြန်တက်မှာမို့ပဲ
ဒါပေမဲ့ အထက်ဘုံမှာသေသွားမယ်ဆိုရင်တော့ ဘယ်တော့မှပြန်လာနိုင်တော့မှာမဟုတ်ဘူး
ဒါ့အပြင် ဒီလောက်အရေးကြီးတဲ့အခြေအနေမှာ သူမ တခုခုဖြစ်သွားလို့မရဘူး
သူ ဘာကိုမှဂရုမစိုက်ပဲ ရေကန်ထဲပြေးဝင်သွားခဲ့တယ်
ရေကန်ထဲက အေးစက်နေတဲ့သူမရဲ့ကိုယ်ကို အလန့်တကြားလှုပ်နိုးလိုက်ပြီး
"မေ့မေ့ ကောကိုလန့်အောင်မလုပ်နဲ့ မေ့မေ့ မဟုတ်ဘူး မေ့မေ့ "
သူမကိုဘယ်လောက်ခေါ်ခေါ် ရှန့်ကွမ်းချွန်းဟွားက နိုးမလာခဲ့ပါဘူး
ရှန့်ကွမ်းချိုးယွဲ့ အရမ်းပူပင်နေတာနဲ့ သူခြေချလိုက်တဲ့နေရာမှ နွယ်ပင်တွေတိတ်တဆိတ်ထွက်လာပြီး သူ့ခြေထောက်ကိုရစ်ပတ်လာခဲ့တယ်
သူစိတ်ပူနေဆဲပဲ
တခုခုမှားနေတယ်ဆိုတာသိလိုက်တဲ့အချိန်ကျ ကျုးလစ်ရဲ့စိမ်းပြာရောင်မျက်ဝန်းများက ဖျတ်ခနဲပြန်ပွင့်လာခဲ့ပါတယ်
"မေ့မေ့ ! ဒါဘာလုပ်တာလဲ "
ကျူးလစ် ရေထဲမျောနေရာမှ ရေအောက်ကိုခြေချလိုက်ပြီး ရှန့်ကွမ်းချိုးယွဲ့ရဲ့ခြေလက်တွေသာမက ခန္ဒာကိုယ်ကိုပါနွယ်ပင်တွေကတုတ်နှောင်ထားပြီးပြီ
"ရုန်းမနေပါနဲ့တော့ ကောအဆိပ်မိနေပြီးသား ထပ်ရုန်းရင်တောင်အပိုပဲ "
သူပူထူနေလို့ ဘာလုပ်လို့ဘာလုပ်ရမယ်မှန်းမသိတဲ့အချိန်မှာ ကျုးလစ် အခွင့်ကောင်းယူလိုက်တာ
"အရိုးကွဲကြေရှင်သန်ဆေးတဲ့ "
ကျူးလစ်က ပြောလဲပြော လက်ကလဲတခါထပ်လှုပ်ရှားလိုက်ပါတယ်
YOU ARE READING
(Complete)(Book2)lengends of spring goddness (oc.nl)uni&zgi
Historical Fiction100 နောက်ပိုင်းအဆက်ပါ
120.zgi
Start from the beginning