Episode - 7(Zaw gyi)

Start from the beginning
                                    

"အေး အေး မြန်မြန်စဉ်းစား Toiletခဏဆိုထွက်လာတာမလာလို့ Ecoဆရာမလိုက်လာလိမ့်မယ်"


"အေးပါခဏလေး ငါ့ဦးနှောက်ကိုအလုပ်ပေးနေတယ်"

"အဲ အဲ ဟုတ်ပြီ မနေ့ကတီချယ်ငုံအခန်းထဲသွားတော့နင်သတိထားမိလား"

"ဘာကိုလဲ နှင်း"

"တီချယ်ငုံအခန်းထဲက နေကြာခင်းပုံပန်းချီကားကြီး ငါတောင်လှလိုက်တာဆိုပြီးကြည့်နေသေးတယ်"

"နင်နေကြာပန်းစည်းပေးလိုက်ပါ့လား"

"ပေးတာကဟုတ်ပါပြီ ငါကကျောင်းဆင်းရင်အချိန်ကခဏပဲရမှာ ပြီးတော့ပန်းစည်းကြီးကိုင်ပြီးဘော်ဒါထဲဝင်ရင်ဝိုင်းကြည့်ကြမှာအဆင်မပြေဘူး"

"ဟယ် နင်ဘယ်နှစ်ရာစုမှာနေနေတာလဲ "

"ကျောင်းဆင်းတဲ့အခါနင့်အိမ်ကလာကြိုရင်ကားနဲ့ Floral shopကိုသွား နေကြာပန်းစည်းမှာပြီးရင်ပိုက်ဆံရှင်း‌ခဲ့ပြီး ‌တီချယ်ငုံနာမည်နဲ့လိပ်စာပေးခဲ့ ဘယ်သူပေးတာမှန်းသိအောင် Postcardလေးထည့်"

"ပန်းဆိုင်ကလာပို့ရင်တီချယ်ငုံလည်း Supriseဖြစ်သွားရော"

"ဟာ.....တော်လိုက်တာနှင်းရယ် ငါလေခုထိ Facebookသုံးနေပြီးအဲ့လိုပို့လို့ရမှန်းသိရဲ့သားနဲ့မတွေးမိဘူး"

"နှင်း ငါပန်းစည်းလည်းမရွေးတတ်ဖူး Postcardထဲလည်းဘာရေးရမလဲငါမသိဘူးကူညီလက်စနဲ့ဆက်ကူညီပါဦးဟာ"

"အင်း.....ဖြစ်ရမယ်ညိုမီလှိုင်"

"‌ဒီလိုလုပ်ဟာ ပန်းဆိုင်ကိုနင်နဲ့ငါတူတူသွားကြမယ်ပြီးမှကိုယ့်အိမ်ကိုယ်ပြန်ရေမိုးချိုးထမင်းစား ဘော်ဒါရောက်မှဆုံမယ် ok"


"Ok Ok
Very good
You're my best friend"

"You're welcome
Let's go"

            Toiletသွားချင်ယောင်ဆောင်ပြီးဆွေးနွေးခဲ့ရသော အစည်းအဝေးကြီးပြီးဆုံးပြီးနှစ်ယောက်သားအတန်းထဲသို့ပြန်ဝင်လာခဲ့သည်။
Ecoချိန်ပြီးအောင်သင်ပြီးသောအခါ ကျောင်းဆင်းပြီးအိမ်ကလာကြိုကြသောကားများနှင့်အတူညိုမီနှင့်နှင်းပန်းဆိုင်ကိုသွားကြလေသည်။ပန်းဆိုင်ရောက်သောအခါ သူငယ်ချင်းနှစ်ယောက်နေကြာပန်းစည်းကိုအပွင့်ရေနှင့်အစည်းပုံစံကိုစိတ်ကြိုက်ရွေး၍ တီချယ်ငုံလိပ်စာပေးပြီး ပို့ရမည့်အချိန်ကိုပေးခဲ့ကြသည်။ထို့နောက် Postcardပါတစ်ခါတည်းရေးခဲ့ကြလေသည်။

မေတ္တာရေချမ်း ဘယ်မှာခန်း(Completed)Where stories live. Discover now