အပိုင်း၁၈၂ - (ဧည့်ဝတ်ကျေပွန်မှု)

Start from the beginning
                                    

ကျူးကျွင်းရှီရဲ့ မျက်နှာတွင်တော့ မကျေချမ်းမှု ခပ်ရေးရေး စွက်လို့နေတယ်။ ပုံမှန်အားဖြင့် ဆိုင်ကြီးတွေမှာ ဆိုင်ပိုင်ရှင်ရဲ့ မိတ်ဆွေတွေအတွက် သီးသန့်အခန်းသုံးလေးခန်းလောက် ထားတတ်တယ်မလား။ သူ ကျိန်ရှုံစားသောက်ဆိုင်ပိုင်ရှင်ကို မသိပေမယ့် အားလုံးမှာ ချွင်းချက်ဆိုတာ ရှိတယ်မဟုတ်လား။ သူ့ဘက်က သီးသန့်ခန်းကို တစ်ကြိမ်သာငှားရန်အတွက် ငွေနှစ်ဆပေးဖို့ထိ ဆန္ဒရှိနေတာတောင် ဆိုင်တာဝန်ခံက လက်ခံခြင်းအလျှင်းမရှိပါချေ...

သူ လေပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး တစ်ခုခုပြောရန်အပြုမှာ ရှင်းလင်းပြတ်သားတဲ့ အသံတစ်ခုက ထွက်ပေါ်လာတယ်။
ဆိုင်တာဝန်ခံဦးလေးဒီနေ့ တတိယသခင်လေး ဒီမှာရှိလား

ဆိုင်တာဝန်ခံချုပ်က ပြုံးလျက်သာ ကျူးကျွင်းရှီကို တောင်းပန်နေရင်း သူ့နောက်တွင်ရှိနေတဲ့ ရှောင်ချောင်းကို မြင်လိုက်ရတယ်။ သူ့မျက်လုံးတွေကို မျဉ်းတစ်ကြောင်းကဲ့သို့ ကျဉ်းမြောင်းသွားသည် အထိ ပြုံးလိုက်ကာ

မိန်းကလေးရှောင်ချောင်း... ကျွန်တော်တို့ သူဌေးက မြို့တော်ကို ဂျုံကြာဇံနဲ့ ဆေးဘဲဥသွားပို့ဖို့ ဒီမနက်ပဲ ထွက်သွားတာ! သူဌေးကို ရှာနေတာများလား

ကိစ္စကြီးတော့ မဟုတ်ပါဘူး! ကျွန်မမွေးစားအမေက အဝေးကနေ ရောက်လာတာ အဲ့တာ တတိယသခင်လေးရဲ့ သီးသန့်ခန်းလေးငှားပြီး သူမကို ဧည့်ခံချင်လို့

ယွီရှောင်ချောင်းဟာ ပွင့်ပွင့်လင်းလင်းပဲ လာရင်းကိစ္စကို ပြောပြလိုက်တယ်။
ဆိုင်တာဝန်ခံချုပ်က ချက်ချင်းခွန်းတုံ့ပြန်လာတယ်။
ဘာကို ငှားတယ်ဆိုနေဦးမှာလဲ။ မိန်းကလေးရှောင်ချောင်းသာဆိုရင် သူ့သီးသန့်အခန်းကို အလိုရှိတဲ့အချိန် အသုံးပြုလို့ရတယ်လို့ ကျွန်တော်တို့သူဌေးက မှာထားပြီးသား!

ဒါဆိုလည်း ဆိုင်တာဝန်ခံဦးလေးကို ကျေးဇူးအများကြီးတင်ပါတယ်နော်!
ယွီရှောင်ချောင်းဟာ ချိုသာစွာပြုံးရင်း ပင်မခန်းမဘေးရှိ လှေကားကနေ ရင်းနှီးကျွမ်းဝင်လှတဲ့ ဒုတိယထပ်ဆီ တက်သွားလိုက်တယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now