Episode[ 23 ]🧡

Start from the beginning
                                    

"ဟုတ် ဗိုလ်မှူး"

ခဏနေတော့ ချည်နှောင့်အနားကို မင်းထိုက်နဲ့Aceရောက်လာပြီး တိုက်ပွဲကိစ္စကိုဆက်တိုင်ပင်ကြလေသော်

"ဗိုလ်မှူး...မနေ့က ဘာဖြစ်တာလဲ"

"ဟမ်"😅

"ချမ်းမင်းဝင်တိုက်တုန်းက ဗိုလ်မှူးကို လုံးဝခေါ်မရတော့ဘူးလေ ဗိုလ်မှူးမျက်ဆံတွေပါ ငြိမ်ကျသွားတာ"

"အော် အဲ့တာက ငါ့ကိုယ်ငါတောင်မသိလိုက်ဘူး...အဲ့တာထားပါ"

"ဒါဆို ကျွန်တော်တို့နောက်စစ်ဆင်ရေးအကြောင်းဆွေးနွေးကြတာပေါ့"

"အေး"

နည်းဗျူဟာဆိုသည့်အရာမှာ တိုက်ပွဲတွင်အရေးပါဆုံးဖြစ်သည်။သူတို့အနောက်ဘက်ပိုင်းကိုဆက် သိမ်းပြီးbetaတပ်ခွဲနှင့်စုပေါင်းဆုံရမည်။တပ်အင်အားနည်းသော်လည်း နည်းဗျူဟာသာပါက တိုက်ပွဲကိုအသေအသေအပျောက်နည်းနည်းနဲ့ အနိုင်ရနိုင်သည်။

အားလုံးပြင်ဆင်ပြီးလို့ ညနေ(၅)နာရီရောက်တဲ့အချိန်မှသာ ချည်နှောင်ခေတ္တအားလပ်ပြီမို့ အိမ်တော်ကပို့စာကိုဖတ်နိုင်တော့၏။
သို့ပေမဲ့ ထူးထူးခြားခြား(၂)စောင်။

ပထမတစ်စောင်က သူအမတော်ရဲ့ မှာတမ်းခြွေနေကြ စာစောင်ဖြစ်ပြီး ဒုတိယစာစောင်မှာ ဗိုလ်မှူး သစ္စာလင်းဆောင်ထံမှဖြစ်သည်။ထိုစာကိုမြင်တော့ အကြောင်းရင်းမရှိ စိတ်ထဲထင့်သွားမိလေ၏။

"ဗိုလ်မှူးချည်နှောင်

ငါ့စိတ်ထဲမတင်မကျ ကိစ္စမို့ အရေးပါမည်ထင်လို့ စာရေးလိုက်တယ် ချည်နှောင် ။
ငါတို့ဆီက မောစ့်ကုဒ်စာတွေပျက်သွားတာကို မင်းသတိထားမိမှာပါ။မော့စ်ကုဒ်ရိုက်တတ်တဲ့ တပ်ကြပ်တွေနဲ့ တပ်သားတွေသေတဲ့သူကသေ ပျောက်တဲ့သူကပျောက်ကုန်တယ်။ ဘာသတင်းအစအနမှမရဘူး ။
တော်ဝင်အိမ်တော်ကလည်း ပုံမှန်ထက်ငြိမ်နေတယ် ဒါကိုငါစိတ်မသန့်ဘူး ။

နောက်တစ်ခုက ဗိုလ်မှူးအဂ္ဂရှစ်သောင်းရဲ့ အိမ်တော်ကလူတွေအကုန်လုံး သူရှေ့တန်းမထွက်ခင် တစ်ရက်မှာ အကုန်အိမ်ပြောင်းသွားကြတယ်။ ဘယ်သူမှတည်နေရာမသိကြဘူး ။ထူးဆန်းနေတယ် ချည်နှောင် ငါဒီတစခါမင်းရဲ့ စစ်ဆင်ရေးကို စိတ်ထဲထင့်နေတယ်။ ငါ့အမြင် သစ္စာဖောက်ရှိနေတယ်ထင်တယ်။ ဖြစ်နိုင်ရင် မြင်းစစ်သည်ပို့ပေးလိုက်မည် ။

မြတ်နိုးရပါသော သုံ့ပန်း[ Beloved Captive ]Where stories live. Discover now