Episode[ 18 ]🧡

1K 103 26
                                    

Unicode🧡

"အကို ရရဲ့လား"

"အင်း ရတယ် ရတယ်"

"တကယ်အဆင်ပြေရဲ့လား"

"ပြေတယ် "

"အရမ်းနာနေလား"

"နည်းနည်းပါပဲ"

ဒီကလေးမျက်နှာ ကျတော်နဲ့အရမ်းနီးနေတယ်..အရမ်းပဲ။
ကျွန်တော့်ရဲ့ အသက်ရှုထုတ်မှုက သူ့ရဲ့နှာဖျားလေးကိူတောင် ထိနေပြီ။
ဘာလို့မှန်းမသိ သူ့ကိုမြင်ရတဲ့အခါတိုင်း ကဗျာဆရာဖြစ်ချင်လာတယ်။သူရဲ့ပုံစံကပဲ ကဗျာဆန်နေလို့လား ကျွန်တော်ကပဲ ပိုလွန်းနေတာလား။

"အကို"

"ဟမ် အင်းပြော"

"အဆင်ပြေသွားပြီလား"

"အင်းအင်းရပြီ စာပြန်ဖတ်တော့"

"ဟုတ်"

ဘယ်လိုဖြစ်ရတာပါလိမ့် ပြောကာမယ်ဆိုမှ လျှာကိုက်မိရတယ်လို့ကွာ...
ကျစ်!!နာလိုက်တာ တော်သေးတယ်အကိုက်လွန်ပြီးလျှာပြတ်သွားမှစကားပါပြောမရဖြစ်နေဦးမယ်။

"အကို"

"အင်း ပြောလေ"

"တခြား စာအုပ်ပဲဖတ်လို့ရမလား"

"ဘာလို့လဲ "

"ဟိုနေ့ကလိုမျိုး ကဗျာတွေသဘောကျလို့"

"ဟုတ်လား"

တားလဲတားချင်တယ်၊မတားလဲမတားရက်ဘူး။သူက သူသဘောကျတဲ့အရာကိုဖွင့်ပြောလေ့မရှိတဲ့ ကလေးမို့ ပိုအခက်တွေ့မိတယ်။
ထားပါတော့ သူပျော်နေရင် ပိုအဆင်ပြေပါတယ်လေ။

"ဖတ်လေ..ကုတင်ပေါ်က စာအုပ်တွေက ကဗျာစာအုပ်တွေကြီးပဲ"

"ဟုတ်..."

ကလေးကို သကြားလုံးပေးသလို သူပျော်နေတယ်။ဘာလို့များ သူကဗျာတွေကို သဘောကျသွားပါလိမ့်။

' သူနဲ့ကျွန်တော်..
စကားလုံးတွေ ပျောက်ရှသွားတဲ့အခါ
သူလည်းမကြိုးစားတော့သလို
ကျွန်တော်လဲမကြိုးစားတော့

နှစ်ယောက်လုံး သာတူညီမျှ...

သူလည်းသူ့ဘာသူ
ကျွန်တော်လည်းကျွန်တော့်ဘာကျွန်တော်
      နောက်ဆုံးတော့ ကျွန်တော်တို့ပါပဲ။ '

မြတ်နိုးရပါသော သုံ့ပန်း[ Beloved Captive ]Where stories live. Discover now