Episode[ 15 ]🧡

1.1K 108 6
                                    

Unicode🧡






အချိန်တော်တော်ကြာ ချမ်းမင်းဆိုတဲ့ကောင်လေးကိုကြည့်နေမိတယ်..
ဆံပင်ဂုတ်ထောက်လေးနဲ့ ကျွန်တော်ပြောတဲ့ အလိမ်ကြီးကို အဟုတ်မှတ်နေတယ်..
သေချာကြည့်မိမှ သူ့မျက်တောင်တွေက တော်တော်ရှည်တာပဲ ၊သူများတွေလို ကော့နေတာမို့းမဟုတ်ဘဲ မျက်လုံးအိမ်ထဲဝင်သွားမှာတောင်စိုးရတယ်..
နှုတ်ခမ်းတွေက ဖြူဖပ်ဖြူရော်နဲ့ ...
မေ့နေလိုက်တာများ သူ့ဒဏ်ရာတွေ!!

"ချမ်းမင်း.."

"ကျွန်တော် နားထောင်နေပါတယ် ဗိုလ်မှူး"

"မင်းလက်က ဒဏ်ရာတွေ"

မသိသလိုလိုအနေအထားနဲ့ သူ့လက်ကိုပြန်ငုံ့ကြည့်ပြီး လက်နဲ့တို့ကြည့်လိုက်သေး၏။
ပြီးကာမှ သူ့မျက်ဝန်းတွေနဲ့ ကျွန်တော့်ကိုစေ့စိုက်ကြည့်ပြီးမှ..

"မနာပါဘူး ပုံမှန်ပါပဲ ရတယ်"

"မဟုတ်သေးပါဘူး ပွန်းသွားတာပေမဲ့ ရေနဲ့ထိရင်စပ်တာတို့ နာတာတို့ဖြစ်နိုင်တယ်လေ"

"ရပါတယ် ကျွန်တော်-"

"အခု ငါ့စကားကိုဖယ်သွေနေတာလား"

"ခင်ဗျာ!!"

မင်းထိုက်တို့ပြောသလို ဒီကလေးကျွန်တော့်စကားဆို မြေဝယ်မကျနားထောင်နေမလား ဆိုပြီးစမ်းကြည့်ခဲ့တယ်..လွန်သွားတယ်ထက်ပါရဲ့။ပြာပြာသလဲနဲ့ သူ့မျက်နှာတစ်ခုလုံး ရဲတတ်လာတယ်..စကားတွေလည်း ထစ်အ ကုန်ပြီး မျက်ရည်တွေလည်း ဝိုင်းလာခဲ့တယ်..
တကယ် ကျွန်တော်လွန်သွားတယ်ထင်ပါရဲ့။

"ဗိုလ်မှူးရယ် ကျွန်တော်အဲ့သဘောပြောတာမဟုတ်ပါဘူး ဒီတိုင်း အလုပ်ရှုပ်သွားမှာစိုးလို့..ကျ..ကျွန်တော် တမင်အဲ့သဘောရောက်အောင်ပြောတာမဟုတ်ပါဘူးဗိုလ်မှူး ၊မထင်မှတ်ဘဲပြောထွက်သွားတာပါ ဗိုလ်မှုးစကားကို နားမထောင်တာ-"

"တိတ်စမ်း!!
ဗိုလ်မှူး ဗိုလ်မှူး ဗိုလ်မှူး နဲ့ နားတွေကို ကလောနေတာပဲ.."

"ခင်ဗျာ"

"အကို ဆိုလည်းရပါတယ်"

အဲ့ဒီ့အချိန်..အဲ့ဒီတစ်စက္ကန့်အချိန်လောက်မှာ
ကျွန်တော့်ပါးစပ်ထဲက အဲ့စကားလုံးဘယ်လိုထွက်သွားလဲ ကျွန်တော်မသိဘူး..ဒါပေမဲ့ သူကျွန်တော့်ကို 'ဗိုလ်မှူး' လို့သုံးတာသဘောမတွေ့ဘူး..

မြတ်နိုးရပါသော သုံ့ပန်း[ Beloved Captive ]Where stories live. Discover now