Episode[ 16 ]🧡

1K 105 26
                                    

Unicode🧡

"အော်...ချမ်းမင်း"

ကျွန်တော့်နားကို ရေနှစ်ထားတဲ့ကြောင်လေးလို ရှုံ့တွနေတဲ့မျက်နှာနဲ့ ချမ်းမင်းဆိုတဲ့ကလေး စားစရာတွေသယ်ကာ ရောက်လာခဲ့တယ်။
စားပွဲပေါ်ကို ပန်းကန်တွေတင်လိုက်ပေမဲ့ သူ့မျက်လုံးတွေက ကျွန်တော်ကိုင်ထားတဲ့ စာတမ်းကို မီးမြှိုက်မတတ်လှမ်းကြည့်နေလေရဲ့..။

"ချမ်းမင်း ငါကိုင်ထားတဲ့စာတမ်းမှာ ပြဿနာတစ်ခုခုရှိနေလို့လား"

"မရှိပါဘူး"

"ငါမဆာလို့ မစားတာ ၊လာပို့ပေးဖို့အထိမလိုပါဘူးကွာ"

"မဆာလို့ မစားတာလား ၊ ဆာရက်နဲ့စားချင်စိတ်ပျောက်နေတာလား "

"ချမ်းမင်း.."

"ဗျာ..အကို"

ရုတ်တရက် ...ကျွန်တော့်နားထဲမှာ ဗျာအကိုဆိုတဲ့ အသံတွေ ပဲ့တင်ကာကြားနေတယ်။
နှလုံးခုန်ပါမြန်လာပြီး တခုခုက ကျွန်တော့်ကို စီးချုပ်ထားသလို တကယ်ပဲ ဒါကဘယ်လိုခံစားချက်လဲ..။

"အကို.. တစ်ခုခု ပြောမလို့လား"

"အ..အင်း
မင်းရော စားပြီးပြီလား"

"ဟင့်အင်း မစားရသေးဘူး"

"ဘာလို့မစားတာလဲ"

"အကို မျက်နှာပျက်နေတာနဲ့တင်
ကျွန်တော်အစားစားချင်စိတ် ပျောက်နေပြီလေ"

နောက်ထပ် နှလုံးခုန်မြန်စေတဲ့စကား!!
ဒီကလေး ရည်ရွယ်ချက်ရှိရှိ ကျွန်တော့်ကိုပြောနေသလား။ဘာလို့ ကျွန်တော်က ဖုံးမရဖိမရ ပြုံးမိလာတာလဲ...ဘာလို့ သူကရော စိုက်ကြည့်နေရတာလဲ။

"မင်းကွာ တော်တော်နောက်တဲ့ကောင်
တကယ်ပဲ ငါပြောစရာစကားတောက်ပျောက်သွားတယ်"

"မနောက်ပါဘူး အကိုစားမှ ကျွန်တော်လည်းစားမှာမို့ ၊စားတာမစားတာ အကို့သဘောပါ"

"မင်းအခု ငါ့ကိုအကျပ်ကိုင်နေတာလား"

"အဲ့လိုမျိုးအကို့အပေါ် မလုပ်ရဲပါဘူး"

"စားမယ် စာဖတ်ပြီးမှပဲ စားတော့မယ်"

"ဘေးနားမှာ စောင့်နေပါ့မယ်"

မြတ်နိုးရပါသော သုံ့ပန်း[ Beloved Captive ]Where stories live. Discover now