Episode[ 11 ]🧡

1.4K 121 39
                                    

Unicode🧡

"လက်..ဖယ်ပါ"

"ငါ့လက်ဖယ်ရင် မင်းကခုတ်မှာလေ"

"ကြာရင် ပိုဆိုးသွားမှာ"

"မင်းဦးနှောက်မပါဘူးလား"

"လက်ဖယ်ပါ"

"တစ်ယောက်ယောက်!!!
ဘယ်သူမှမရှိဘူးလား"

"စိတ်လျှော့ပါ လက်ဖယ်ပါ"

"မဟုတ်သေးပါဘူး ဘယ်သူမှမရှိဘူးလား"

"စိတ်အေးအေးထားပြီး လက်ဖယ်လိုက်ပါ"

"မအေဘေး မင်းခြေထောက်မင်းဖြတ်ကြည့်လိုက်လေ အဲ့လှံစွပ်ကြီး ငါ့ခြေထောက်နားကဖယ်စမ်းပါကွ"

"လက်....ဖယ်ပါ"

"မင်းလူလိုနားမလည်ဘူးလားကွ"

"စိတ်အေးအေးထားပါ"

"သံပတ်ရုပ်လိုဒါပဲထပ်ခါထပ်ခါပြောမနေနဲ့
ငါနားကြားတယ်၊ မကြားတာမင်း"

"လက်ဖယ်ပါ"

"မင်းလှံစွပ်က ငါ့စောက်ခွက်နားမှာပြေးနေတယ် သေချာကိုင်အုန်းဟ"

ချမ်းမင်းခုချိန်သိသည်မှာ လင်းဆောင်ခြေထောက်ကိုဖြတ်ဖို့သာ။
လင်းဆောင်ဆိုသည်မှာလည်း ချမ်းမင်းကို နားလည်အောင်ပြောရမည်။

"လက်ဖယ်ပါ"

"ငါမင်းစောက်ခွက်ကိုစုတ်အောင် ထိုးချင်လာပြီ!!လူလိုနားမလည်ဘူးလား ဆေးကုရင်ပြန်ကောင်းသွားမှာ မအေဘေးရ"

"ဖြတ်ပြစ်မှရမှာပါ"

"ဟ!!!နွားသား ငါ့ခြေထောက်ကျည်ထိထားတာ နှစိလလောက်ဆို မင်းလည်မျိုကို တစ်ချက်တည်းနဲ့ နင်းသတ်လို့ရတယ်"

"လက်ဖယ်ပါ စိတ်အေးအေးထားပါ"

"ဘယ်ကောင်မှမရှိဘူးလား ငါဒီလောက်အော်နေတာကို၊ တပ်ရင်းကိုရောက်ရင် မင်းတို့အကုန်လုံးကိုမြေမြုပ်သတ်ပြစ်မယ်!!"

လွန်ဆွဲနေတဲ့အခြေအနေကို လင်းဆောင်အားလိုက်ရှာနေတဲ့ aceကအော်သံကြောင့် သတိထားမိကာပြေးလာတော့

"ဗိုလ်..ဗိုလ်မှူးကြီး.."

ဘေးကိုကြည့်တော့ ချမ်းမင်းက လှံစွပ်(ဗက်နက်)ကြီးနဲ့ လင်းဆောင်ရဲ့ခြေထောက်ကိုရွယ်နေလေသည်။

မြတ်နိုးရပါသော သုံ့ပန်း[ Beloved Captive ]Where stories live. Discover now