Episode[ 10 ]🧡

1.3K 123 7
                                    

Unicode🧡

တစ်ရက်ထဲ ဂရုစိုက်ပေးခဲ့တဲ့လူကို သံယောဇဉ်တွယ်မိခဲ့တာလို့ပြောရင် ရီစရာကြီးဖြစ်နေမလား...

ထိုလူကြီးက ကျွန်တော့်ကို ဂရုစိုက်ပေးတယ်..ပထမဆုံး ဂရုစိုက်ခံရခြင်းနဲ့ပေါ့။
ထိုလူကြီးက စကားပြောပြတ်တယ်၊ကျွန်တော့်ထက် အရပ်ရှည်တယ်၊မျက်နှာလည်းတည်တယ် ဒါပေမဲ့ သူ့ရဲ့အမတော်ဆိုသူနဲ့ စကားပြောနေချိန်မှာတော့ ပြုံးနေခဲ့တယ်။

တစ်ရက်တည်းနဲ့သံယောဇဥ်တွယ်မိခဲ့တဲ့ ထိုလူကြီးဆီကို လေ့ကျင့်ရေးဆင်းတဲ့နေ့ကစပြီး စာပို့ခွင့်ရခဲ့တယ်။လေ့ကျင့်ရေးက ပင်ပန်းတယ်၊ခြေတွေလက်တွေနာတယ်၊
တစ်ခါတစ်ကျ ကြောက်တယ်၊တစ်ခါတစ်ခါကျ ပျော်မိသလိုပဲ..အတိအကျနားမလည်ဘူး ဒါပေမဲ့ ဗိုလ်မှူးဆီစာပို့ဖို့ မှင်တံကိုကိုင်တဲ့အချိန်မှာတော့ ကျွန်တော်တွေဝေနေမိတယ်။

ဘယ်ကစရေးရမလဲ ၊ဘာအကြောင်းကိုရေးရမလဲ၊ ကျွန်တော်ရေးတာတွေကို ဗိုလ်မှူးသဘောကျပါ့မလား၊ ကျတော်ပင်ပန်းကြောင်းတွေရေးမိရင် ဗိုလ်မှူးအတွက်ရီစရာကြီးဖြစ်နေမလား၊ အဓိပ္ပာယ်ရောရှိပါ့မလား၊
(၁၂)နှစ်တောင်ရှိနေပြီ တအားပျော့ညံ့တဲ့သူလို့ ထင်သွားမလား..တကယ်ပဲ ဘာရေးရမလဲ။
ဒါမှမဟုတ် ဗိုလ်မှူးသိချင်နေတဲ့ ကျွန်တော့်ငယ်ဘဝအကြောင်းပြောပြရမလား။
နှုတ်တစ်ရာစာတစ်လုံးတဲ့..အဲ့စာတစ်လုံးကလည်းခက်လိုက်တာဗျာ။

'သို့
ဗိုလ်မှူး

အကုန်အဆင်ပြေပါတယ်။
ကျွန်တော်မျိုး သေချာသင်နေပါတယ်။
ဂရုစိုက်ပါ။
ချမ်းမင်း '

"တကယ်ကိုဒါကိုစာပို့တယ်လို့ခေါ်နေတာလား"

"ဘာလို့လဲ ဗိုလ်မှူး
အိမ်က စာပဲလား "

"အင်း မင်းတောင်အလွတ်ရနေပြီပဲ"

"မဟုတ်ပါဘူး ဗိုလ်မှူးက အထက်ကစာမိန့်ဆို မျက်နှာကြီးကမာထန်နေတာပဲ၊
အိမ်က စာဆိုရင် အမြဲပြုံးနေလို့ပါ"

"ဟုတ်လား..."

နိုရာ့စာကတော့ သူမရဲ့တတ်ကြွမှုအလုံးစုံကိုမြင်နေရသလို ဘယ်လောက်ပင်ပန်းကြောင်းလဲညည်းစာတွေပါနေသည်။ဒီအထဲမှာ
ချည်နှောင် အကြိုက်ဆုံးစာသားကတော့

မြတ်နိုးရပါသော သုံ့ပန်း[ Beloved Captive ]Where stories live. Discover now