Episode[ 3 ]🧡

2K 161 14
                                    

Unicode🧡

နောက်နေ့မနက်ရောက်သော်...

ညက ကလေးနှစ်ယောက်ကို ညစာလိုက်ကျွေးပြီး နဂိုမူလ အဖွဲ့နဲ့ပြန်ပေါင်းပေးကာ သူတို့ရဲ့တဲသို့ လိုက်ပို့ပေးလိုက်သည်။

တစ်နေ့လုံးဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ ညစာတောင်မစားဘဲ ချည်နှောင်အိပ်ပျော်သွားခဲ့သည်။စစ်ဆင်ရေးက ပြန်လာပြီး ပထမဆုံးနေထွက်လာသည်အထိအိပ်ဖူးခဲ့ပြီ။

သူနိုးလာသည်မှာ စစ်ဆင်ရေးကပေးလိုက်တဲ့အကျင့်ဖြစ်သည့် အသံဖျောက်ဖျောက်ကြားတာနဲ့ နိုးတတ်တဲ့အကျင့်ကြောင့်ဖြစ်သည်။
ခုလည်း ဗိုလ်မှူးတွေရဲ့ အိပ်ဆောင်ဘေးမှာ လေ့ကျင့်ရေး ဝင်နေကြပြီထင်ရဲ့..အသံတွေ ဆူညံနေပြီ။

ပထမဆုံးနေထွက်လာတဲ့ အိပ်ဖူးတဲ့အရသာကို ကုတင်ပေါ်မှာ ပြုံးစိစိနဲ့ခံစားလျက်ရှိသည်။

"အား...ဒီလိုမအိပ်ရတာ ဘယ်လောက်တောင်ကြာပြီလဲကွာ....လူကိုလန်းဆန်း-"

အပျင်းကြောဆန့်နေရင်း သူ့ရဲ့deltaတပ်သားအသစ်များကိုသတိရသွားသည်။

"ဟ!!ငါ့ကလေးတွေ.."

ကုတင်ပေါ်က ကမန်းကတန်း ဆင်းကာ အပြင်ကိုထွက်ကြည့်တော့ သူမျှော်မှန်းထားသလို deltaအဖွဲ့ဝင်အသစ်တွေက ဟင်းလင်းပြင်မှာ လက်နောက်ပစ်ကာ ပုံစံအတိုင်းမတ်တပ်ရပ်နေကြသည်။

လေ့ကျင့်ပေးမဲ့ သူကိုကြည့်လိုက်တော့...တပ်ကြပ်တစ်ယောက်မဟုတ်ဘဲ ချည်နှောင့်ရဲ့ သူငယ်ချင်းဗိုလ်မှူး အဂ္ဂရှစ်သောင်း။
ဒီကလေးရှေ့ရေးမတွေးရဲစရာ..

အဂ္ဂက စိတ်ကြီးသည်။အလိုမကျတာနဲ့ ဖြောင့်ချက်တောင်မယူဘဲ တန်းအပြစ်ပေးတတ်သည်။သူ့ကလေးတွေဆိုလျှင် တစ်ညလုံးတောင်မတ်တပ်နေရနိုင်သည်။အထူးသဖြင့် ချမ်းမင်း။

မျက်နှာသစ်လိုက်ကာ ဝတ်စုံဝတ်ပြီး ပြန်ထွက်လာတော့ ကလေးတွေအကုန်လုံး ဒူးထောက်ပြီးလက်မြှောက်ခံနေရပြီ။

မသိမသာ အဂ္ဂနားကိုလမ်းလျှောက်သွားပြီး..

"ဗိုလ်မှူး..အခြေအနေဘယ်လိုရှိလဲ"

ချည်နှောင့်ရဲ့အမေးကို အဂ္ဂက အားရဖွယ်ရာ ပြန်ဖြေလိုက်သည်။

မြတ်နိုးရပါသော သုံ့ပန်း[ Beloved Captive ]Donde viven las historias. Descúbrelo ahora