Episode[ 20 ]🧡

1.1K 110 32
                                    

Unicode🧡

ချမ်းမင်းရဲ့ပထမဆုံးစစ်ဆင်ရေးကို စတင်ကာလှုပ်ရှားနေပြီ။အေးခဲတဲ့ဆောင်းညကြီးကို အံ့တုရင်း နှင်းတောထဲတိုးကာ စမ်းတဝါးဝါးလမ်းလျှောက်နေကြပြီ။
ချည်နှောင့်တွက်ချက်မှုအရ သူတိူ့တပ်ခွဲက သတ်မှတ်နေရာဆီသို့ ညဥ့်ဦးယံမတိုင်ခင်ရောက်မည်ဖြစ်ပြီး မနက်(၂)နာရီပတ်ဝန်းကျင်တွင် စတင်အလစ်တိုက်ခိုက်ရမည်ဖြစ်သည်။
တစ်ရွေ့ရွေ့နဲ့ လျှောက်ရင်းလျှောက်ရင်း မြစ်ကိုလမ်းမြင်ရပြီ..မြစ်ကအေးလွန်းလို့ ရေထဲတွေတောင်အခဲလိုက်တည်နေပြီ။
ရှေ့ဆက်ကာ တောင်ကိုတတ်တော့ ဟိုဘက်ခြမ်းရောက်ခိုက်မှာ တပ်မက သတင်းပေးထားသလိုရန်သူ့တပ်စခန်းမရှိဘဲ..တောအုပ်ကိုနောက်တစ်ခါထပ်မြင်ရလေသည်။

"ဗိုလ်မှူး...ဒါက!"

"အေးပေါ့ နှစ်ချီကြာနေတာဆိုတော့ သူတို့ဒီတောအုပ်ထဲမှာပဲ တပ်စွဲထားမှာ အားလုံး..သတိနဲ့သွားကြမယ်"

"ဟုတ်!!ဗိုလ်မှူး"

ချည်နှောင်ပြောသလို ရှေ့ဆက်လျှောက်လာတော့ အေးသထက်အေးလာတာမို့ နှင်းတောထဲမှာခြေထောက်တွေထုံလာကြပြီ။
ခြေလှမ်းတွေက နဂိုထက်ပိုနှေးနေကြကာ..
(၅)နာရီနီးပါးလမ်းလျှောက်ထားတဒ့သူတို့အတွက် တချက်မှမနားရသေး။

"ဗိုလ်မှုး..ကျွန်တော်တို့-"

"ပါးစပ်ပိတ်ထား!"

အရှေ့ဆုံးကနေ ဦးဆောင်လမ်းလျှောက်နေတဲ့ ချည်နှောက်တုံ့ကနဲ ရပ်သွားလေသည်။တပ်ခွဲတစ်စုလုံးငြိမ်ကျသွားကာ ချည်နှောင့်စကားအပြန်ကိုစောင့်နေကြသည်။
အရှေ့ကိုမျှော်ကြည့်နေတဲ့ လူစုကြီးရဲ့ရှေ့..တိမ်ကွယ်ထားတဲ့လရဲ့အလင်းပြပြသာရှိတဲ့ ညအမှောင်အောက်မှာတွေ့လိုက်ရတဲ့ တစ်ဖက်ရန်သူဖက်က ကင်းလှည့်နေတဲ့ လူတစ်စု။

ချည်နှောင်က အသံမထွက်ဘဲ သူ့တပ်ခွဲကိုယလက်သီးဆုပ်ထောင်ပြလိုက်သည်။ဤသည်မှာ ခဏငြိမ်နေဦးဆိုသည့်အဓိပ္ပာယ်။

ကံကောင်းချင်တော့ ချည်နှောင်တို့က ကုန်းမို့နဲ့အပင်တွေကို အကာယူထားတာမို့ တစ်ဖက်လူတွေညအမှောင်ထဲမမြင်နိုင်ပေ။
ကင်းစောင့်လူသုံးယောက်က စကားပြောနေကြပြီး သိပ်မကြာ..လူတစ်ယောက်က သေနတ်ကိုင်ကာရောက်လာပြီး စကားပြောနေသည့် လူသုံးယောက်ထဲက တစ်ယောက်ကိုကန်လိုက်လေသည်။

မြတ်နိုးရပါသော သုံ့ပန်း[ Beloved Captive ]Where stories live. Discover now