Episode[ 21 ]🧡

1.1K 124 24
                                    

Unicode🧡

၄၅မိနစ်ကျော်ကြာသွားတဲ့ စစ်ဆင်ရေးဟာနောက်ဆုံးတော့ ရန်သူ့တပ်ဖက်က သတင်းပေးပို့လွတ်မြောက်နိုင်သူမရှိဘဲ အောင်မြင်စွာပြီးဆုံးသွားခဲ့ကြသည်။

တောင်ကုန်းပေါ်က စနိုက်ပါသမား(၂)ယောက်ရဲ့ကောင်းမှုကြောင့် deltaတပ်ခွဲက ကျဆုံးသူမရှိ (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့တပ်ခွဲတစ်ခုလုံးယကျဆုံးဆိုတဲ့ရလဒ်နဲ့ ပြီးပြတ်ခဲ့ကြသည်။
ဆောင်းတွင်းကြီးမှာ အေးကလည်းအေးခြေတွေလက်တွေထုံကာ လူတိုင်းပြိုင်းနေကြပြီ။

အကုန်လုံးဟောဟဲလိုက်ကာ မမြင်ချင်မှအဆုံးအလောင်းတွေကတန်းစီလျက်။

"ဗိုလ် ဗိုလ်မှူး ဘာရီယာ စစ်ဆင်ရေး(၁)အောင်မြင်သွားပါပြီ"

"အေး အရှင်ဖမ်းမိတဲ့လူရှိလား"

"မရှိပါဘူး အခြေအနေအကြောင်းကြောင့်.."

"ရတယ် ဘာမှမဖြစ်ဘူး..
တဲထဲမှာလက်နက်နဲ့ရိက္ခာတွေရှိရင် သိမ်းခဲ့ကြ ၊မင်းတို့ဟိုက်နေမှာနားလည်တယ် ဒါပေမဲ့ ဒီမှာနေလို့မဖြစ်ဘူး မြန်မြန်လုပ်ကြ!!"

"ဟုတ် ဗိုလ်မှူး!!"

ချည်နှောင်ပြောတဲ့အတိုင်း လိုတဲ့ပစ္စည်းတွေအနည်းငယ်သယ်ခဲ့ကြပြီး သဲလွန်စရလိုရငြားရှာကြည့်ခဲ့ကြသည်။သို့သော်ဘာမှမထူး တစ်ဖက်တပ်ကိုကင်းစောင့်ချထားတဲ့ အချက်အလက်ကလွဲရင် ဘာမှမသိရ။

မနက်(၃)နာရီလောက်ရောက်မှသာခိုလှုံဖို့ဂူတစ်ခုရှာတွေ့ခဲ့ကြပြီး ထိုမှာနားနေရတော့၏။

"အကုန်လုံး ဒဏ်ရာရတဲ့သူတွေကို ဆေးထည့်ပေးလိုက်ကြဦး ၊ပြီးတော့ ချမ်းမင်း ငါ့ဆီလာခဲ့"

"ဟုတ် ဗိုလ်မှူး"

အထုတ်ကိုယ်စီချကာ ဒဏ်ရာရနေတဲ့သူကို နိုရာက ဦးဆောင်ကာဆေးထည့်ပေးနေသည်။

"လေးလုံးမ သူ့ကလက်မောင်းကွဲထားတယ် ဆေးထည့်ရုံနဲ့မရဘူး"

"ဟုတ်လား ဒါဆို အစိမ်းချုပ်မှရမယ်"

"နင်လုပ်ရဲလို့လား"

"ဟုတ်..လုပ်ပါ့မယ်"

တပ်သားတစ်ယောက်က လက်မောင်းရင်းမှ တံတောင်ဆစ်နားထိ ဓားဒဏ်ရကြောင့် လက်မောင်းသားကွဲထားသည်။သွေးတွေအလိမ်းလိမ်းထွက်နေတာကို အဝတ်တစ်ခုနဲ့ထုတ်ကာ ချည်ထားတာကြောင့် အဝတ်တောင်စိုနေပြီ။အေးကလည်းအေး ဒဏ်ရာအရှိန်ကလည်းတတ်နှင့် တစ်ညလုံးပင်ပန်းထားတာကြောင့် ဒဏ်ရာရထားတဲ့တပ်သားမှာ နှုတ်ခမ်းတွေတောင်ပြာနေပြီ။

မြတ်နိုးရပါသော သုံ့ပန်း[ Beloved Captive ]Where stories live. Discover now