Episode[ 23 ]🧡

1.1K 97 10
                                    

Unicode🧡



မနက်(၉)နာရီရောက်သည်အထိ အကုန်လုံးဟိုလှည့် ဒီဘက်တိုးနဲ့ ပင်ပန်းလွန်း၍ အိပ်ပျော်နေကြသည်။နိုးတဲ့သူကလည်း သူတိူ့ဘေးမှာချပေးထားတဲ့ အိမ်ကစာကိုကိုယ်စီဖတ်နေကြသည်။မနက်မိုးလင်းခါနီးမှ အိပ်တဲ့ချမ်းမင်းတို့ကတော့ မနိုးသေး။

နိုရာကတော့ တစ်ညလုံးဖြစ်ပျက်ခဲ့သည်များကိုပြန်မြင်ယောင်ကာ ခဏခဏလန့်နိူးနေတာကြောင့် အစောကြီးနိုးနေ၏။
သူမဘေးနားမှာ ချထားတဲ့စာကိုဖတ်ကြည့်လိုက်တော့...နှစ်ယောက်မရှိတဲ့သူမရဲ့ အားကျရတဲ့အမျိုးသမီး နှောင်ရစ်ငယ်ဆီကပင်။

'နိုရာ
ရှေ့တန်းထွက်ရတော့မယ်ဆို မင်းကိုမှာရပေါင်းများပြီဆိုတော့ မင်းလဲအလွတ်ရနေမှာပါ။
အဓိကက မင်းတို့တွေစုံစုံညီညီပြန်လာနိုင်ဖို့ပဲ။ပြန်လာတဲ့အခါ မင်းတို့အားလုံးကို ပန်ကိတ်လုပ်ကျွေးပါ့မယ်။
နှောင်ရစ်ငယ် '

မမကြီးက မဆူလဲမဆူထားဘူးဆိုတဲ့ အတွေးဝင်မိပေမဲ့ နှောင်ရစ်ငယ်ဆီက စာကြောင့်သူမအနည်းအကျဥ်းတော့ စိတ်သက်သာရသွားသည်။ပွဲမဝင်ခင်က စိတ်လှုပ်ရှားမှုများစွာနဲ့ ပျော်ရွှင်ခဲ့တဲ့သူမတောင် ထိုပွဲအလယ်မှာ ကမ္ဘာပျက်သလိုခံစားခဲ့ရသည်မလား။

အဆုံးသတ်ဆိုတာကိုတွေးကြည့်တော့ ငယ်ငယ်တုန်းက မမကြီးပြောထားသလို သူ့ရဲ့နောက်လိုက်အဖြစ်တာဝန်ယူတော့မည်ဖြစ်ပြီး ဒီတိုက်ပွဲက ပထမဆုံးနဲ့ နောက်ဆုံးတိုက်ပွဲဖြစ်လိမ့်မည်။

မနက်နေပွင့်လာတာနဲ့အမျှ ပါလာတဲ့ရိက္ခာတွေနဲ့စားဖို့ပြင်ရတော့သည်။အကုန်လုံးကပင်ပန်းနေတဲ့စိတ်ကိုအတတ်နိုင်ဆုံးဖြောက်ထားကြပြီး နောက်စစ်ဆင်ရေးပြီးရင် လွတ်လပ်ပြီဆိုတဲ့ သဘောနဲ့တတ်ကြွနေကြ၏။သိပ်မကြာခင် ချမ်းမင်းတို့ပါနိုးလာပြီး အဝတ်လှမ်းကြ ထင်းရှာကြနဲ့အလုပ်ရှုပ်ကုန်ကြ၏။ညက တစ်ညလုံး သူ့လူသားငယ်ကို လက်မောင်းပေါ်တင်အိပ်ထားတဲ့ ချည်နှောင်ကတော့ ဘယ်ဘက်လက်မောင်းအောင့်နေလေသည်။

"ဗိုလ်မှူး ကျွန်တော်တို့စကားပြောနေလို့ရလားခင်ဗျ"

"အင်း မင်းထိုက်ကိုပါခေါ်လာခဲ့"

မြတ်နိုးရပါသော သုံ့ပန်း[ Beloved Captive ]Where stories live. Discover now