Episode[ 8 ]🧡

1.2K 133 7
                                    

Unicode🧡

မောင်ဖြစ်သူ ချည်နှောင်က ရှေ့တန်းမှာကင်းစောင့်သဘောမျိုးနဲ့တပ်စွဲထားနေရပြီဆိုတော့ အနည်းဆုံးတော့ စာအသွားအလာလုပ်လို့ရပြီလေ။

"ဟို ပုန်းနေတဲ့ ချမ်းမင်း"

သူ့ကိုခေါ်ရှာတော့ ကုပ်ကုပ်ရုပ်ရုပ် ထွက်လာလေသည်။

"မင်းကြားတယ်မလား
(၁)နှစ်ကြာမှာ ဒီအတောအတွင်းငါ့စကားနားထောင်ဖို့ မျှော်လင့်ပါတယ်"

သူ့ရှေ့က ပေကပ်ကပ်နဲ့ကောင်လေးကိုကြည့်ကာ ဘယ်လိုများဆက်ခရီးသွားရမလဲလို့ တွေးနေမိသည်။

"ကဲသွားသွား အပင်ညှပ်နေတာမလား၊
ဆက်ညှပ်ချေ သွား"

ပြောရမှာ နှောင်ရစ်ငယ်အလုပ် ပြန်မဖြေရမှာချမ်းမင်းအလုပ်လို့ ဆိုရမလို ဘာမှပြန်မဖြေဘဲထွက်သွားတော့၏။
ပန်းရုံနားပြန်ကာ သူချခဲ့တဲ့ အပင်ညှပ်ကတ်ကြေးကိုပြန်ကောက်ကာ အလုပ်ပြန်လုပ်နေတော့ နိုရာမှာလည်း မတ်တပ်ရပ်လို့ညောင်းသလားမသိ ထိုင်ကာညှပ်နေလေခိုက်

"ဟဲ့ ချမ်..ချမ်..ချမ်းမင်း ငါ့အနောက်မှာဘာတွေပေနေလဲ"

သူမရုတ်တရက်လန့်ကာ ထရပ်မိလိုက်ပြီး ချမ်းမင်းကို ကြည့်ခိုင်းတော့ ချမ်းမင်း က ပုံမှန်လို ကြည့်ပြီးမျက်နှာမလွှဲပြီး ဆက်တိုက်စိုက်ကြည့်နေလေရာ..

"ဟဲ့ ဘာလို့လဲလို့ ငါကြောက်လာပြီ တစ်မျိုးကြီးပဲ..ငါ့ကိုငါတောင်ငုံ့မကြည့်ရဲတော့ဘူး"

ထိုစဉ်..ရစ်ငယ်က သူ့မောင်ငယ်ပေးစာကို အိမ်တော်အပေါ်ထပ် သူမအခန်းတွင်းပြန်ထားနေချိန်မှာတင် အိမ်အောက်က နိုရာ့ အော်သံကိုကြားပြီး ဝရံတာကိုထွက်ကာ အခြေအနေကိုစူးစမ်းလေတော့

"ဟဲ့ ငါပြောနေတယ်လေ ဘာကြီးလဲ ငါကြောက်တယ်လို့!!!"

"နိုရာ!"

အိမ်ပေါ်ထပ်ကနေ သူမအသံလွှမ်းအောင် ရစ်ငယ်အော်လိုက်ပြီး

"ခုချက်ချင်း အိမ်ပေါ်တတ်လာခဲ့"

"ဟု..ဟုတ် မမကြီး"

နိုရာတစ်ယောက် ကြောက်လန့်ကာ ငိုပြီးအိမ်ပေါ်တတ်သွားလေသည်၊အိမ်ပေါ်ထပ်ကို ရစ်ငယ်အခန်းထဲကိုရောက်ချိန်မှာဖြင့်

မြတ်နိုးရပါသော သုံ့ပန်း[ Beloved Captive ]Where stories live. Discover now