Episode[ 20 ]🧡

Start from the beginning
                                    

အထက်လူကြီးဟု ထင်ရတဲ့ ထိုလူဟာလူသုံးယောက်ကိုထုရိုက်ကာနှိပ်စက်နေလေသည်။

"စောက်လုပ်စောက်ကိုင်မရှိ စောက်စကားများနေတဲ့ ခွေးသားတွေ...
ထစမ်း !!ထွီ ယောကျာ်းတွေဖြစ်ပြီး ပျော့ဖတ်နေလိုက်တာ"

လူတစ်ယောက်နဲ့မတန်လောက်အောင် ရိုက်နှက်နှိပ်စက်နေပြီး ပါးစပ်ကနေလည်း တချက်မပြတ်ဆဲဆိုကာ ကျိန်းမောင်းနေသည်။
လရောင်ကိုတိမ်ဖုံးထားမှုတွေ ပျောက်ကွယ်သွားချိန်မှာ အထက်လူကြီးလို့ထင်ရတဲ့ ထိုလူ့ကိုရှင်းလင်းစွာမြင်လိုက်ရသည်။
ဆံပင်တွေစုစည်းထားပြီး မျက်နှာမှာ အမာရွတ်ကြီးနဲ့ ထူထဲတဲ့မျက်ခုံးတွေနဲ့ သားရဲတစ်ယောက်လိုမျက်လုံးတွေနဲ့ လူတွေကိုအနိုင်ကျင့်နေတဲ့ ထိုလူ။

အားလုံးက ချုံခိုတိုက်ဖို့ ချည်နှောင့်အမိန့်ကိုစောင့်နေရင်းနှင့်ပင်..ချည်နှောင်တစ်ယောက် အမိန့်မရဘဲ မပြောမဆိုနဲ့ တောင်ကုန်းမြင့်ပေါ်က ကျောတိုက်လျှောဆင်းသွားကာ လက်ထဲမှာ လှံစွပ်ကို အဝတ်ပတ်ကိုင်ထားပြီး ထိုလူလေးယောက်အထဲမှ အထက်လူကြီးဟု ထင်ရသောသူကို ခုန်အုပ်ခိုက်..

"ဘာလဲဟ! ကျူးကျော်သူ-"

"သေတော့..ခွေးသူတောင်းစား!!"

ချမ်းမင်းရဲ့ ပထမဆုံးလူထုကြားထဲမှာ အော်ဆဲသံနဲ့တူတူ ထိုသူ့စကားပင်မဆုံးလိုက် လှံစွပ်အသွားကာ လည်ပင်းတစ်လျှောက်ပြေးသွားကာ သွေးများအပြင်ကို ပန်းထွက်လာလေသည်။

တပ်ခွဲတစ်ခုလုံး အုံးအုံးကြွကာ လေးယောက်တစ်ယောက်တိုက်ခိုက်နေတဲ့ ချမ်းမင်းကို ကူဖို့အမိန့်ကိုစောင့်ခိုက်မှာ..
ချည်နှောင်ဟာ အသိစိတ်မကပ် ။

"ဗိုလ်မှူး!! ဗိုလ်မှူး အမိန့်ပေးပါတော့!!!
ဗိုလ်မှူး!!!!"

Aceက ချည်နှောင့်ကို တောက်လျှောက်ခေါ်နေပေမဲ့ သူ့အသံဟာ ချည်နှောင့်ထံတွင် လေပြည်လိုသာ ဖြတ်သွားလေသည်။
ချည်နှောင့်မျက်ဝန်းထဲမှာ ချမ်းမင်းရန်သူကို ခုန်အုပ်လိုက်ချိန်ကစ အမြင်အာရုံတွေဝေဝါးလာပြီး အတိတ်လိုလို အနာဂတ်လိုလို မြင်ကွင်းတစ်ခုက သူ့ကိုစိုးမိုးသွားလေသည်။

မြတ်နိုးရပါသော သုံ့ပန်း[ Beloved Captive ]Where stories live. Discover now