နှစ်ဦးမှာ အရပ်အမောင်း အတော်လေးကွာခြားသောကြောင့် ထိုအချိန်၌ ထုန်ရန့်မှာ ကျိုးရှန့်မင်လက်ထဲ၌ ပြားအောင်အဖိခံထားရသော ဂျုံလုံးလေးကဲ့သို့၊ သို့မဟုတ် ကျိုးရှန့်မင်၏ပွေ့ဖက်မှုကို ခံထားရသော ခွေးပေါက်စလေးကဲ့သို့ဖြစ်နေတော့သည်။ ကျိုးရှန့်မင် မျက်လုံးများကို မှိတ်ထားပြီး ထုန်ရန့်၏ လည်ပင်းအား မနားတမ်း နှာတရှုံ့ရှုံ့ဖြင့် အနံ့ခံနေတော့သည်။

"မလုပ်..နဲ့.." ထုန်ရန့် မည်သို့ တုံ့ပြန်ရမည်ကိုတောင် မသိတော့ချေ။ ထုန်ရန့် ကျိုးရှန့်မင်အား တွန်းကန်နေခြင်းကိုရပ်တန့်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အသုံးမှမဝင်တော့တာကို အားအကုန်ခံပြီး ရုန်းမနေချင်တော့ပေ။ ထို့ကြောင့် ဖက်ခနဲသေသွားရင်ကောင်းမယ်ဟု တွေးနေရင်းဖြင့် ငြိမ်ငြိမ်လေး လှဲနေလိုက်သည်။ ထို့နောက် ကျိုးရှန့်မင်အား ဆူပူလိုက်၏။
"အစ်ကို ကျွန်တော့ကို ကျွန်တော်သေတဲ့အထိ ဖျစ်ညှစ်ထားချင်တယ်ဆိုရင် မထနဲ့! ကျွန်တော် တစ်စစီဖြစ်သွားမှ အစ်ကိုကျေနပ်မှာမလား?"

ကျိုးရှန့်မင် ထုန်ရန့်အား ရုတ်တရက်ဖြေလျော့ပေးလာ၏။ ထုန်ရန့် သက်ပြင်းတစ်ချက်ချရန်ပြင်စဉ်မှာပဲ ကျိုးရှန့်မင်က သူ့ကိုထပ်မံ တွယ်ဖက်လာကာ မချီလိုက်သည်။

ကျိုးရှန့်မင် တကယ်မူးနေတာဖြစ်ကြောင်း ထုန်ရန့်သိ၏။ အရင်ကတော့ သူရုန်းကန်နိုင်လောက်မည်ဟု ထင်မှတ်ထားသော်လည်း မရုန်းပဲငြိမ်နေလိုက်သည်။ သည့်အပြင် ကျိုးရှန့်မင်က ဘယ်တော့မှ သူ့ကို လွတ်ကျမှာမဟုတ်ဘူးဆိုတာလည်း သိနေသောကြောင့်ဖြစ်၏။ ထို့ကြောင့် ကျိုးရှန့်မင်၏ ပုခုံးအား ဖက်လိုက်ကာ ငြိမ်ငြိမ်လေးအချီခံလိုက်၏။

ကျိုးရှန့်မင်က သူ့အားချီလျက်ပင် အိပ်ခန်းသို့ ချောချောမွေ့မွေ့ တန်းတန်းမတ်မတ်ရောက်လာသည်။

"ရေချိုးလိုက်ဦးမယ်"
ထုန်ရန့်အားအိပ်ရာပေါ်ချပေးပြီးနောက် ကျိုးရှန့်မင်က အရေးကြီးသတင်းတစ်ခုကြေညာသလိုမျိုး တည်တည်ကြည်ကြည်ဖြင့်ပြောလာ၏။

ထို့နောက်ရေချိုးခန်းထဲလှည့်ဝင်သွားတော့သည်။

ကျိုးရှန့်မင် ရေချိုးနေစဉ် ကာလအတွင်း အခန်းတွင်း လေထုမှာ အတော်လေးကို ငြိမ်းငြိမ်းချမ်းချမ်းရှိနေခဲ့၏။ ထုန်ရန့် ထိုင်နေရင်းဖြင့် အနည်းငယ် မသင့်မလျော်ဖြစ်နိုင်သော မြင်ကွင်းတချို့အား စိတ်ထဲတွင်တွေးနေလျက် ကျိုးရှန့်မင်က သူ့ကို ရေချိုးခန်းထဲတွင် ချစ်ကြည်နူးကြရန် လှမ်းခေါ်မည့်အချိန်ကိုလည်း မသိမသာလေး မျှော်လင့်နေမိ၏။

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now