Chapter 26

4K 761 26
                                    

Please scroll down for Zawgyi

(Unicode)

နှစ်ဝက်စာမေးပွဲနောက်ဆုံးနေ့၌ ကျိုးရှန့်မင်နှင့် အတူ အပြင်ထွက်စားကြရန် ထုန်ရန့် သဘောတူလိုက်ကာ လက်တလောတွင် အတော်လေးရေပန်းစားနေသော စားသောက်ဆိုင်တစ်ဆိုင်ကိုတောင် ထုန်ရန့်ရွေးထား၏။

သို့သော်လည်း နိုင်ငံခြား၌ ရက်အတန်ကြာအောင်ရောက်နေသော ထုန်လိချင်က ထိုနေ့ နေ့လည်တွင်ပြန်ရောက်လာပြီး ထုန်ရန့်အား သွားကြိုရန် ကားလွတ်လိုက်မည်ဟု ကျိုးရှန့်မင်အား ပြောလာသည်။

ကျိုးရှန့်မင်က ထုန်ရန့်အား ထိုအကြောင်းကို မက်ဆေ့ချ်ပို့၍ ပြောပြခဲ့၏။

ဒီကြားထဲတွင် ကျိုးရှန့်မင်နှင့်သူ အလုပ်ရှုပ်နေသောကြောင့် အစ်ကိုနှင့် အဖေဖြစ်သူအကြောင်း မတွေးဖြစ်တာပင် တော်တော်ကြာပြီဖြစ်ကြောင်း ထိုအခါမှ ထုန်ရန့် မှတ်မိတော့သည်။

ထုန်ရန့် - အဖေက သူတို့အိမ်မှာ ညအိပ်ဖို့ပြောသေးလား

ကျိုးရှန့်မင် - မပြောဘူး ကျိုးရှန့်မင်ပြန်ဖြေလိုက်သည်။

ထို့နောက် စာဆက်ပို့လိုက်သည်။

ကျိုးရှန့်မင် - ဒါပေမဲ့ သူကမင်းနဲ့ မတွေ့ရတာကြာပြီလေ၊ အဲ့တော့ မင်းကို ညအိပ်စေချင်မှာပေါ့

အမှန်တော့ အကယ်၍ ထုန်လိချင်ပြန်ရောက်လာသော်လည်း ဘာမှအထွေအထူးမဖြစ်လျှင် ထုန်ရန့်က သေချာပေါက်သူနှင့် တစ်ပတ်လုံး ကုန်ဆုံးရမည်ဖြစ်သည်။

အမှန်အတိုင်းဆိုရလျှင် သူအသေအချာကြီးတော့ စိတ်မလှုပ်ရှားနေပေ။ သို့သော်လည်း သူတို့မှာ ထုန်ရန့်၏ မိသားစုဝင်များဖြစ်နေဆဲဖြစ်သောကြောင့် သူတတ်နိုင်တာဘာမှမရှိ။ ထို့အပြင် ထုန်ရန့်ကလည်း အိမ်လွမ်းနေနိုင်သည်။

ထုန်ရန်၏ ပထမဆုံးအိမ်နှင့် ခွဲရသည့် ပိတ်ရက်အကြောင်း သူတွေးမိနေဆဲပင်ဖြစ်၏။

ထုန်ရန့် : ဒါဆို ကျွန်တော်တို့ ဒီည တူတူထွက်စားလို့မရတော့ဘူးပေါ့ (ငိုနေသည့် emoji)

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now