Chapter 5

7.5K 1.2K 65
                                    

Please scroll down for Zawgyi ^^

(Unicode)

သူတို့ အတူ အဆင်ပြေပြေနေလာတာ ဆယ်ရက်လောက်တောင်ရှိပြီ။

တစ်ရက်သော သောကြာနေ့၊ နံနက် ၈နာရီခန့်တွင် ထုန်ရန့်တစ်ယောက် ရေချိုးပြီးနောက် အခန်းထဲရှိ ပဲစေ့အိတ်ပုံစံ ဆိုဖာပေါ်တွင် ဇိမ်ယူနေစဉ်ဖြစ်သည်။ ရေချိုးပြီးသော်လည်း ညအိပ်ဝတ်စုံ အသစ်တစ်စုံသာပြန်လဲထားခြင်းပင်။ အခန်းပြင်တွင် ကျိုးရှန့်မင်၏ လှုပ်ရှားနေသံကို ကြားနေရသော်လည်း သူ့တွင် အပြင်ထွက်ဖို့ အစီအစဉ်မရှိ။

အတွေးရေယာဉ်ကြောထဲ နစ်မျောနေစဉ် အိပ်ရာ ထောင့်ရှိ ဖုန်းမှ ဖုန်းဝင်လာသည်။

ရွှမ်ကွေ့က နံနက် အာရုဏ်ဦးအချိန်ကပင် ကျိုးရှန့်မင် အလုပ်သွားရန်အတွက် ပြင်ဆင်ပေးရန်အတွက် အခန်းထဲမှ ထွက်သွားပြီးဖြစ်သည်။ သူ့ဘေးမှာ ဝေယျာဝစ္စလုပ်ပေးမည့်သူ မရှိသောကြောင့် ထုန်ရန့် ရွေးချယ်စရာမရှိပဲ ပြတင်ပေါက်ဘေးတွင် ထိုင်နေရာမှ အိပ်ရာပေါ်ရှိ ဖုန်းကိုယူလိုက်ရသည်။

"ထုန်ရန်း" ဟုမှတ်ထားသည့် နာမည်က ဖုန်းမျက်နှာပြင်၌ မှိတ်တုတ် မှိတ်တုတ်ပေါ်နေလျက်။

"ဘာလဲ" ထုန်ရန့် ဖုန်းကိုင်လိုက်ပြီး အနည်းငယ် ဆိုးသွမ်းစွာဖြေလိုက်သည်။

"ဘုရားရေ..." ထုန်ရန်းကပြောလိုက်သည်။ "မင်းကို ထိန်းကျောင်းပြောဆိုမယ့်လူ မရှိတာ ရက်အနည်းငယ်ပဲရှိသေးတယ် အချိုးတွေပြောင်းနေပါရော့လား"

ထုန်ရန့် ခုတင်အစွန်းတွင် ထိုင်လိုက်သည်။ "ဒါဆို မင်းအခု ငါ့ဆီလာပြီး လာသင်ပြပေးလေ"

"တစ်ယောက်ယောက်က အိမ်ကိုလွမ်းနေပုံပဲ" ထုန်ရန်းက ရယ်သွေးသွမ်း၍ ပြောလိုက်သည်။

ပုံမှန်အတိုင်းဆိုလျှင် ဤခံစားချက်က အနည်းငယ်ထူးဆန်းပေသည်။ အရင်က ထုန်ရန့် မိဘအိမ်မှာရှိနေစဉ်က ထုန်လိချင်နှင့် ထုန်ရန်းတို့က အမြဲအလုပ်ရှုပ်နေကာ တစ်လနေလို့ နှစ်ခေါက်လောက်သာ မျက်နှာချင်းဆိုင်မိသည်မှာ ပုံမှန်ပင်ဖြစ်သည်။ အခုကတော့ ထုန်ရန့်ကလည်း ဘဝသစ်တွင် အသားကျရန် လုံးပန်းနေရပြီး ညဘက် အိပ်မပျော်ခင်စပ်ကြား အချိန်မျိုး၌သာ အိမ်ကို လွမ်းသော ခပ်ကြောင်ကြောင်အတွေးများဝင်ပြီး အနည်းငယ် ဝမ်းနည်းတတ်သည်။ သို့သော်လည်း နောက်နေ့သို့ရောက်သောအခါ မနေ့ညက ဘာမှမဖြစ်ခဲ့သလိုပင် ခံစားရမြဲပင်။ ညဘက်မှ အထီးကျန်တာပိုဆိုးတယ်ထင်ပါရဲ့။

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now