Chapter 2

11.8K 1.6K 57
                                    

Scroll down for Zawgyi^^

(Unicode)
အခန်း (၂) သားရဲတစ်ကောင်လို ငါခံစားနေရတယ်

မင်္ဂလာညစာစားပွဲတွင် မိတ်ဆွေအချို့က သူ့ကို ဝိုင်သောက်ခိုင်းနေသူများကို တားရန်ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် မတက်သာပဲ ထုန်ရန့် ခွက်အနည်းငယ်သောက်ခဲ့ရသည်။

သူဒီလိုဟာမျိုးတွေကို ယခင်ကထိတောင်မဖူးခဲ့ထိပေ။ ထို့ကြောင့် သူ RV ကားတစ်စီးထဲကို ရောက်သွားပြီးနောက်ပိုင်း သူ့အသိစိတ်တွေ အမှောင်ဖုံးသွားသည်။ မနက်အိပ်ရာ နိုးနိုးချင်း တစ်ခဏလောက် သူဘယ်နေရာမှာ အိပ်ခဲ့မိတာလဲဆိုတာကို စဉ်းစားဖို့တော်တော် အချိန်ယူလိုက်ရသည်။

သူသည် နေထွက်ရာဘက်ကိုမျက်နှာမူထားတဲ့ ရိုးရိုးရှင်းရှင်း အပြင်အဆင်နဲ့ အိပ်ခန်းအကျယ်ကြီးထဲတွင် ရောက်နေသည်။ အခန်းထဲက အပြင်အဆင် တော်တော်များများကို အနက်ရောင်၊ မီးခိုးရောင်နှင့် အဖြူရောင်ကိုသာ သုံးထားသည်ကို သူသတိထားမိသည်။ ပြီးနောက် သူ့အိပ်ခန်းနှင့်မတူဘဲ ပြင်သစ်စတိုင် လိုက်ကာနှစ်ထပ်ကို ဘေးတွင်စုသိမ်းထားသည့် ပြတင်းပေါက်အကျယ်ကြီးဘေးတွင်  စာကြည့်စားပွဲ တစ်ခုရှိသည်။

ဟုတ်သားပင်။ 
ဤသည်ကား ကျိုးရှန့်မင်ရဲ့ အိမ်။
သူတို့ လက်ထပ်ပြီးနောက် အတူနေရမည့်အိမ်။

ညကဝိုင်သောက်ထားသည့် အရှိန်ကြောင့် ကိုက်ခဲနေသည့်ခေါင်းကို အံကြိတ်သည်းခံရင်းနှင့်ပင် ထုန်ရန့် အိပ်ရာကထပြီး ရေချိုးလိုက်သည်။ ရေချိုးပြီးနောက် သူ့အိတ်ထဲက isolation patch ကို ထုတ်ပြီး တံခါးမဖွင့်ခင် သူ့ဂုပ်မှာ ကပ်လိုက်သည်။

နှစ်ထပ်အိမ်ကျယ်ကြီးက တိတ်ဆိတ်လွန်းနေသည်။ ထုန်ရန့်က လှေကားထိပ်မှာ ခဏရပ်နေရင်း ကျိုးရှန့်မင်က အလုပ်သွားနေတာဖြစ်မည်ဟု မှတ်ချက်ချလိုက်သည်။
မနေ့က ဘုရားကျောင်းမသွားမီ အစ်ကိုဖြစ်သူ ထုန်ရန်းကို သူ ကျိုးရှန့်မင်အား ဘယ်လိုခေါ်သင့်သလဲ ဟုမေးမိတာကို သူမှတ်မိသည်။

"ဦး" ဟု ခေါ်ခြင်းက ကျိုးရှန့်မင်ကို သူ့ရှိရင်းစွဲ အသက်ထက် အနည်းငယ်ပိုကြီးစေပြီး  သိပ်မသင့်လျော်သလို ခံစားရသည်။

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now