Chapter 14

4.5K 860 21
                                    

Please scroll down for Zawgyi

(Unicode)

ထုန်ရန်း၏ကားက နောက်လမ်းဆုံတွင် စောင့်နေသည်။ ကျိုးရှန့်မင်က ကားစက်နှိုးလိုက်ပြီး အဝေးမှနေ၍ ခေါင်းမီး နှစ်ကြိမ်အဖွင့်အပိတ်လုပ်ပြီး အချက်ပြလိုက်သောအါ ထုန်ရန်းက ကားစက်နှိုးလိုက်ပြီး ကျိုးရှန့်မင်ရှေ့မှ အရင်မောင်းသွားတော့၏။
ကျောင်းဆင်းသည့်အချိန် ၅နာရီ၂၀မိနစ်တည်းက ယခုတိုင် ထုန်ရန့်မှာ အပြင်၌ရှိနေခဲ့ရာ အနည်းငယ်ပင်ပန်းသလိုခံစားလာရ၏။ ကျိုးရှန့်မင်ကို တောင်းပန်ပြီးနောက် ခေါင်းစောင်းလိုက်ကာ ပြတင်းပေါက်မှန်၌မှီလိုက်သည်။ ရုတ်တရက် ချိုင့်ခွက်များပေါ်မှမောင်းစဉ်ဖြစ်လာသော ကားခုန်ခြင်းများကို မနှစ်သက်သော်လည်း  သူ့လက်ကိုခေါင်းအုံးရန်သာတက်နိုင်သည်။

ကျိုးရှန့်မင်က အရှိန်လျော့ကာ နောက်သို့လှည့်လိုက်ပြီး နောက်ခန်းမှ သူ၏အပေါ်ထပ်ကုတ်ကိုယူလိုက်ကာ ထုန်ရန့်ထံသို့လှမ်းပေးလာသည်။
"ဒီပေါ်မှာ ခေါင်းအုံးလေ"

"မလိုပါဘူး.."

"ကားမှန်က ချော်တယ်လေ"

သူကအခိုင်အမာပြောလာသောကြောင့် ထုန်ရန့် ရွေးချယ်စရာမရှိပဲ ယူလိုက်ကည သေသပ်စွာခေါက်လိုက်ပြီး ကားမှန်ပေါ်၌တင်ကာ မျက်နှာအောက်၌ဖိလိုက်တော့သည်။ ကျိုးရှန့်မင်၏ Alpha pheromoneနံ့ကချက်ချင်း ပျံ့နှံ့လာသည်။

ကျိုးရှန့်မင်၏ရနံ့နှင့် သူ အတော်လေးကိုနေသားကျနေပြီးဖြစ်ကာ ကုတ်အင်္ကျီမှရ​သောအနံ့မှာ အနေတော်ရုံမျှသာဖြစ်ပြီး စိတ်သက်သာရာရစေရန်ကွက်တိဖြစ်သည်။

သို့သော်လည်း လက်ရှိအချိန်တွင် စိတ်သက်သာရာရန်လိုသည်မှာ သူမဟုတ်ပဲ ကျိုးရှန့်မင်ဖြစ်သည်။

ခုနက သူတို့ပွေ့ဖက်နေစဉ် ကျိုးရှန့်မင်၏ စိုးရိမ်မှုအတိုင်းအတာကို ခံစားမိကာ သူ့ကိုယ်သူ ပို၍ အပြစ်တင်မိပါသည်။ ကျိုးရှန့်မင်လိုလူမျိုးက သူ့စိတ်အခြေအနေပြောင်းလဲမှုကို လွယ်လွယ်ဖြင့် ပြတတ်သူမျိုးမဟုတ်ကြောင်း သူတို့တူတူနေသည့်ကာလ အတောအတွင်း ထုန်ရန့်သိလာခြင်းဖြစ်သည်။ အခုတော့ ထိုအမျိုးသားက သူ့အတွက် စိတ်ပူနေကာ "နောက်တစ်ခါထပ်ဖြစ်လို့ကတော့..."ဟူသည့်အဓိပ္ပာယ်ဆောင်သော မျက်နှာထားတင်းတင်းပင်ရှိနေသေးသည်။

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now