Chapter 35

3.9K 687 42
                                    

Please scroll down for Zawgyi

(Unicode)

နောက်တစ်နေ့မှာ တနင်္လာနေ့ဖြစ်သောကြောင့် ကျောင်းသားလေး ထုန်ရန့်မှာ အိပ်ရာထချိန်၌ ပြဿနာ အနည်းငယ်ကြုံနေရသည်။ ကျိုးရှန့်မင် သူ့ကို အကြာကြီးနှိုးခဲ့ရပြီး နောက်ဆုံးတော့ ထထိုင်လာခဲ့ပေသည်။ သို့သော် မျက်လုံးများကို မဖွင့်နိုင်သေးပဲ ပါးစပ်ထဲတွင် သွားတိုက်တံကို ငုံထားလျက် တန်းလန်းပင်။ ကျိုးရှန့်မင်၏ ရင်ခွင်ထဲတွင် ပျော့ခွေနေလျက် အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့် မျက်လုံးများကို ပိတ်ထားလေသည်။

"ဟင်း..." ပြင်ပတွင်တော့ နှင်းပွင့်များမှာ ကျဆင်းနေလျက် အပူချိန်ကလည်း တဖြည်းဖြည်း နိမ့်သထက်နိမ့်ပါးလာသည်။

ကျိုးရှန့်မင် ထုန်ရန့်၏ ပုခုံးများကိုဖက်လိုက်ပြီး တွေးတွေးတောတောဖြင့် ပြောလိုက်သည်။
"ဒီနေ့ မင်း အဝတ်ထူထူဝတ်သွားရမယ်၊ long johnsဝတ်မလား fleece trousersဝတ်မလား တစ်ခုရွေးလို့ရမယ်" ကျိုးရှန့်မင်က ပြောလိုက်သည်။

ထုန်ရန့်မျက်လုံးများ ချက်ချင်း ပွင့်လာပြီး သူ့အမူအရာမှာ မယုံနိုင်သည့်အလား
"!"

ကျိုးရှန့်မင် ထုန်ရန့်ပါးစပ်ထဲရှိ တန်းလန်းကျနေသော သွားတိုက်တံကို ပြန် တန်းပေးလိုက်ရင်းဖြင့်
"သွားအရင်တိုက်"

ရေချိုးခန်းရှိရာသို့ သွားနေသည့်အချိနါတွင် ထုန်ရန့်မှာ ကျိုးရှန့်မင်အား အသနားခံသလို လည်ပြန်ကြည့်နေလေသည်။ သို့သော်လည်ူ ထုန်ရန့် ရေချိုးခန်းထဲမှ ပြန်ထွက်လာချိန်၌ long johnsတစ်စုံနှင့်fleece trousersတို့မှာ အိပ်ရာပေါ်တွင် တင်ထားပြီးဖြစ်သည်။

ထုန်ရန့်မှာ ညအိပ်ဝတ်စုံတောင်မလဲရသေးပဲ ရေချိုးခန်းအဝ၌ ဖြစ်ကတတ်ဆန်းဆံပင်လေမှုတ်ပြီးနောက် တင်ပါးပေါ်တွင် လက်နှစ်ဖက်လုံး ထောက်လျက် စိုက်ကြည့်ရင်းဖြင့် ပြောလာသည်။
"မဝတ်ဘူး!"

ကျိုးရှန့်မင်က အေးအေးဆေးဆေးဖြင့် အကြောင်းပြလာသည်။
"မဝတ်ချင် မဝတ်နဲ့၊ ဒါပေမဲ့ အပြင်မှာ ဒီနေ့ အပူချိန်ဘယ်လောက်တောင်ရှိလဲသိလား။ ပြီးခဲ့တဲ့ အပတ်ကတောင် တော်တော်အေးနေတာကို ဒါကို မဝတ်ချင်ဘူးဆိုတော့ အအေးပတ်ခံချင်လို့လား?"

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now