Chapter 29

3.6K 746 45
                                    

Please scroll down for Zawgyi

(Unicode)

ထုန်လိချင် အိမ်ပြန်ရောက်သောအခါ သားနှစ်ယောက်လုံး အိမ်၌ မရှိကြောင်းတွေ့လိုက်ရသည်။ ထုန်ရန်းအား စိတ်မပူသော်လည်း ထုန်ရန့်ကို ဖုန်းဆက်လိုက်၏။

အနည်းငယ် မြည်နေပြီးနောက် ထုန်ရန့်က အလောတကြီး ကိုင်လာသည်။
"အဖေ?"

ထုန်လိချင် : "ထုန်ထုန်"

သူမမေးနိုင်ခင် ထုန်ရန့်က ပြောလာ၏။
"ကျွန်တော် ကျိုးရှန့်မင် အိမ်မှာ။ မနက်က မပြန်ခင် အတွင်းရေးမှူးလီကို ပြောခဲ့ပါတယ်။ သူက အဖေ့ကို မပြောဘူးလား"

သူ့အား ပြောပြခဲ့ပါ၏။ သို့သော်လည်း ကျိုးရှန့်မင်ကို သွားရှာသည်ဟု ပြောသောကြောင့်  မုန့်တစ်ခုခုစားပြီး ပြန်လာမည်ဟုထင်ခဲ့၏။ အိမ်ပြန်မလာလောက်ဟု မတွေးထားခဲ့ပေ။

"မနက်စောစောကဆိုတော့ အဖေက မင်း အိမ်ပြန်လာမယ်ထင်နေတာ"

"အိုး…" ထုန်ရန့်က ရှင်းပြလာ၏။
"ဒီနေ့ပြန်မလာတော့ဘူး။ မနက်ဖြန် စာမေးပွဲရလဒ်တွေရမှာဆိုတော့ မနက်ဖြန်ညနေပိုင်းမှာ သွားစစ်ရမှာလေ"

သူ့ပြောစကားများက မှန်ကန်သော်လည်း အိမ်ပြန်မလာခြင်းအတွက် လုံလောက်​သော အကြောင်းပြချက် ဟုတ်မနေချေ။

အိမ်ထောင်မကျခင်က အလယ်တန်းမှ အထက်တန်းထိ နိုင်ငံတကာကျောင်း၌ ငါးနှစ်တိုင်တိုင် နောက်ကောက်ကျခြင်းမရှိပဲ တတ်ရောက်ခဲ့၏။ တခြားတစ်နေရာရာမှ ကျောင်းသို့ မနက်ဖြန်သွားရမည်ဆိုလျှင် သေချာပေါက်ကို ပိုနီးသောနေရာ၌ ညအိပ်မည်ဖြစ်သည်။

ထုန်ရန့်မှာ အနည်းငယ် မောပန်းနေဟန်ပေါက်ရာ ထုန်လိချင်မေးလိုက်၏။
"ဖုန်းကိုင်ဖို့ ပြေးလာတာလား? ဘာတွေလောနေတာလဲ"

ထုန်ရန့် : "ကျွန်တော်က တစ်ချိန်လုံး အောက်ထပ်မှာပဲရှိနေတာ၊ အစက မကြားလို့"

"အသက်ကြီးနေပြီ ဂရုတစိုက်နေဖို့ သင်ယူစမ်းပါဦး" ထုန်လိချင်က ပြောလာ၏။
"ကျိုးရှန့်မင်ရော အိမ်မှာရှိလား"

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now