Chapter 33

3.6K 696 50
                                    

Please scroll down for Zawgyi

(Unicode)

[Friendly Reminder ကိုက်ဖို့စောင်ရှာထားပါ။ အူတွေအသည်းတွေကို ကလိထိုးနေသလိုပဲ:')]

ကျိုးရှန့်မင်က သူ့ကို ပိုင်ပိုင်နိုင်နိုင်ဆွဲတင်လိုက်ပြီး သေချာ နမ်းလာ၏။ ထုန်ရန့်၏ လျှာမှာ ဆွဲရစ်ခံလိုက်ရပြီး ထုန်ရန့် မထိန်းနိုင်ပဲ ကျယ်ကျယ်လောင်လောင် ညည်းညူမိမတတ်ဖြစ်သွားသည်။ သူများ ကြားသွားမည်ကိုစိုးရိမ်သောကြောင့် ညည်းသံကို လည်ချောင်းထဲသို့သာ ပြန်ဆွဲချလိုက်ရသည်။ ဒါတောင်မှ သူ သတိလွတ်သည့် အချိန်မျိုးတွင် အသံတချို့က လေလွင့်နေသော တိရစ္ဆာန်ငယ်လေးများ၏ ညည်းသံကဲ့သို့ လွတ်ထွက်သွားသေးသည်။ ခေတ္တကြာပြီးနောက် သူ့ကျောပြင်တစ်ခုလုံး ပျော့ပျောင်းလာရကာ သူ့ လက်မောင်းနှစ်ခုမှလည်း ကျိုးရှန့်မင်၏ ပုခုံးများကို ဆုပ်ကိုင်ရန်တောင် အားမရှိတော့ပဲ ကျိုးရှန့်မင်ပေါ်၌သာ မှီထားလိုက်ရသည်။

ဒီလို အချိန်မျိုးတွင်တော့ သူ့အား အားနည်းသည်ဟု ကျိုးရှန့်မင်က ဘယ်တော့မှ လှောင်ပြောင်လိမ့်မည်မဟုတ်ကြောင်း သိနေသောကြောင့် ထုန်ရန့်မှာ ပိုမို သက်သောင့်သက်သာဖြစ်လာပြီး သူ၏ တုံ့ပြန်မှုများကလည်း ချစ်စဖွယ်ကောင်းစွာဖြင့် ရိုးသားလေသည်။

ဆက်လက်ဖြစ်တည်နေသော အနမ်းတို့မှာ ရပ်ဆိုင်းခြင်းမရှိတာတောင် ထုန်ရန့်မှာ အသက်ရှူမဝဖြစ်လာသောကြောင့် ကျိုးရှန့်မင်၏ ပုခုံးကို နှစ်ချက်သုံးချက် ပုတ်လိုက်မိသည်။
"ဟင်မ်း ..... အာ့.. အင်းမ်"

(နမ်းနေတာပါနော် အတွေးတွေ အခုရပ်TvT)

ကျိုးရှန့်မင် သူဖက်ထားသည့် အားကို အနည်းငယ်လျော့လိုက်ရာ ထုန်ရန့်က သူ့ဆံပင်ကို ကိုင်လျက် နောက်မဆုတ်စေရန် တား၏။
"ခဏလေးနေဦး"

ကျိုးရှန့်မင်က အသံ နိမ့်နိမ့်ဖြင့်ပြောလိုက်သည်။
"ကိုယ့်ကို မရပ်စေချင်ဘူးလား"

ထုန်ရန့် မြန်မြန် ပြန်ဖြေလိုက်သည်။
"ဟင့်အင်း။ မရပ်ပါနဲ့! ဒီတိုင်း အရင်ဆုံး ကျွန်တော် အသက်ဝဝရှူပါရစေဦး"

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now