Chapter 37

3.7K 627 69
                                    

Please scroll down for Zawgyi

(Unicode)

နောက်နေ့မနက်တွင် ထုန်ရန့် နိုးလာပြီးနောက် အိပ်ရာထဲတွင် လူးလှိမ့်ရင်း မျက်လုံးဖွင့်ရန် ကြိုးစားနေရသည်။

ရွှမ်ကွေ့က အခန်းထဲဝင်လာပြီး
"ကောင်းသော နံနက်ခင်းပါ။ ဆရာက မင်းကို ထတော့တဲ့"

အရင်ကဆို ကျိုးရှန့်မင်က သူ့ကို လာနှိုးနေကျပါ..ထုန်ရန့် စောင်ကိုမတင်လိုက်ပြီး မေးလိုက်သည်။
"ကျိုးရှန့်မင်က ဘယ်မှာလဲ"

ရွှမ်ကွေ့က "တောက်ပသော နံနက်ခင်း" အမည်သည့် တီးလုံးတစ်ခုဖွင့်လိုက်ကာ ဖြေလာ၏။
"အောက်ထပ်မှာ မနက်စာပြင်နေပါတယ်"

ထုန်ရန့် : "အဲ့ဒါ မင်းအလုပ်မဟုတ်ဘူးလား"

ရွှမ်ကွေ့ : " ပိုပြီး တိတိကျကျပြောရရင် housekeeping စက်ရုပ်ရဲ့ အလုပ်ပါ။ ငါက အမိန့်လက်ခံဖြေကြားဖို့ပဲတာဝန်ရှိတာ"

"အိုး" ထုန်ရန့် လေးလေးပင်ပင်ဖြင့် ပြောလိုက်သည်။
"ဒါဆို ဘာလို့ ဒီနေ့ ဘာလို့ အမိန့်သွားမပေးတာလဲ? ငါ့ရဲ့ မနက်ခင်း အနမ်းလေး မရတော့ဘူး မင်းကြောင့်"

"ဆရာက ဒီနေ့ သူလုပ်မယ်လို့ပြောလို့"

ရွှမ်ကွေ့က  ဘေးသို့ရွှေ့သွားပြီး လိုက်ကာများကို ဆွဲဖွင့်လိုက်သည်။ ထုန်ရန့် ချက်ချင်း ခေါင်းအုံးထဲ မျက်နှာအပ်လိုက်ပြီး
"ရွှမ်ကွေ့!!"

ရွှမ်ကွေ့မှာ ရင်ကွဲသွားရ၏။
"ငါ့ နာမည်အသစ်ပဲ ခေါ်လို့မရဘူးလား..ဟင်? တုတုက ပိုပြီး အများကြီးချစ်ဖို့ကောင်းတယ်လေ အာ"

တွေးကြည့်တော့မှ ညက အလွန်အကျွံအပြုအမူတွေကြောင့် ကျိုးရှန့်မင်က သေချာပေါက်သူ့ကို မျက်နှာချင်းဆိုင်ဖို့ ရှက်နေမှာပဲ။ ထုန်ရန့် တစ်ချက်လှိမ့်လိုက်ကာ ရွှမ်ကွေ့အား မောင်းထုတ်ရင် သူ ညက အကြောင်းကို တွေးနေမိသည်။
"မင်း အရင်ထွက်သွားနှင့်၊ ငါအိပ်ရာထမလို့"

ရွှမ်ကွေ့က သံသယဖြစ်စွာဖြင့် မေးလာ၏။
"ညက ရန်ဖြစ်ထားလို့လား?"

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now