Chapter 20

3.9K 796 29
                                    

Please scroll down for Zawgyi

(Unicode)

သောကြာနေ့ ညနေခင်း၌ ကျောင်းဆင်းသောအခါ ထုန်ရန့် ကျိုးရှန့်မင်ကို ကျောင်းရှေ့ ဂိတ်ပေါက်၌ စောင့်နေသည်။

လွန်ခဲ့သည့်မိနစ် နှစ်ဆယ်က ဖုန်းပြောခဲ့ကြပြီး သူအနည်းငယ် နောက်ကျမည်ဖြစ်သောကြောင့် ကျောင်းရှေ့ရှိ လက်ဖက်ရည်ဆိုင်တွင် စောင့်နေရန်ပြော၏။

သို့သော်လည်း ထိုဆိုင်တွင် လူများ ကြိတ်ကြိတ်တိုးနေသောကြောင့် ထုန်ရန့် လက်တစ်ဖက်ဖြင့် ကျောပိုးအိတ်ကို ကိုင်ထားလျက် ပါးစပ်ထဲတွင် စုတ်လုံးတစ်လုံးကိုငုံထားရင်း သီချင်းနားထောင်ကာ ကျောင်းလရှေ့ရှိ လုံခြုံရေးတဲဘေးတွင် စောင့်နေခြင်းပင်။

သိပ်မဝေးသောနေရာမှ ကားတစ်စီးက ဟွန်းတီးလာသည်။ ထုန်ရန့် ဖြတ်ခနဲ လှမ်းကြည့်လိုက်သောအခါ ထုန်ရန်းဖြစ်နေသည်။

"ထုန်ထုန်" ထုန်ရန်းက သူ့ကို အော်ခေါ်လာသည်။

"ကိုကြီး" ထုန်ရန့် ပြေးသွားလိုက်သည်။
"ဘယ်လိုဖြစ်လို့ ဒီကိုရောက်နေတာလဲ"

"ဒီ လာမယ့်အပတ်ကျရင် အိမ်မှာ လူတစ်ယောက်မှ ရှိမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် လမယ့်အားလပ်ရက်နှစ်ရက်လုံး မင်း ကျိုးရှန့်မင်နဲ့ပဲ ဆက်နေရလိမ့်မယ်။"

ထုန်ရန့်က ကိုယ်ကိုကိုင်းလိုက်ရင်း တံခါးလော့ခ်ကို ဖွင့်ပေးလာသည်၊
"အဲ့ဒါကြောင့် ဒီနေ့မင်းကို အပြင်မှာ မုန့်လိုက်ကျွေးမလို့ ထွက်လာတာ"

ထုန်ရန့်လည်း ကားထဲဝင်ထိုင်လိုက်ကာ အံ့ဩသွားပြီး ပျော်ပျော်ရွှင်ဖြင့် မေးလိုက်သည်၊

"ဒီနေ့ ကိုကြီးလာကြိုတာပေါ့"

ထုန်ရန်း : "ဒါပေါ့၊ ဘာစားချင်လဲ ထုန်ထုန်"

"ဟော့ပေါ့"

"ပြီးခဲ့သည့်အပတ်က သူ ၂၁ခရိုင်ကို ချိုင်မန့်မန့်တို့ဖြင့် သွားစဉ်တုန်းက ဘာမှမစားခဲ့ရသည်ကို အမှတ်ရဆဲဖြစ်သည်။

ထုန်ရန်း : "ကောင်းတာပေါ့၊ ဟော့ပေါ့"

"ထုန်ရန့် ထိုင်ခုံပေါ်တွင် ထိုင်လျက် တွန့်လိမ်လိုက်ကာ စိတ်လှုပ်ရှားနေသောကြောင့် နားကြပ်ကြိုးများကိုပင်  ထုံးသွားအောင် ရစ်သိမ်းလိုက်မိ၏။

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now