Chapter 23

3.6K 784 42
                                    

Please scroll down for Zawgyi

(Unicode)

ထုန်ရန့်၏ တင်းတင်းကျပ်ကျပ်ဆုပ်ထားသော လက်သီးဆုပ်လေးမှာ ကျိုးရှန့်မင်၏ လက်အောက်၌ တဖြည်းဖြည်းပြေလာပြီး နူးညံ့သော လက်ချောင်းလေးများကို ကျိုးရှန့်မင်၏ လက်ဖဝါးပေါ်တွင်ဖိလျက် ဆိုလာ၏။
"ဒါဆို အခု အစ်ကို..."

ကျိုးရှန့်မင် ပြောပြလာသည့် အကျိုးအကြောင်းများကြောင့် ထိုဆယ်ကျော်သက် လူရွယ်လေးမှာ ဒေါသထွက်ပြီး ဖြူဖွေးသော ပါးပြင်တို့မှာ အနီရောင်ဖျော့ဖျော့ပင် သန်းနေသေးသည်၊

"ကိုယ်ရှင်းပြလို့ မပြီးသေးဘူးလေ။ သူက ကိုယ့်ကို ဒေါသထွက်သွားတယ်။ ဒါပေမဲ့ ကိုယ်ကလဲ သူ့အပေါ် အရမ်းကြီး ကောင်းနေတာတော့မဟုတ်ဘူး။ သူက ကိုယ့် မှတ်စုစာအုပ်ကို ဖြဲပစ်တော့ ကိုယ်လည်း သူ့ရဲ့ အထိမ်းအမှတ်ကိတ်မုန့်ကြီးကို တွန်းချပစ်လိုက်တယ်။ အဲ့အချိန်တုန်းက ကိုယ့်ရဲ့ စိတ်နေစိတ်ထားက ကျိုးကျားရှောနဲ့ သိပ်မကွာဘူးလေ။" ကျိုးရှန့်မင်က ထပ်ပြုံးလိုက်ကာ စိတ်ပေါ့ပါးနေသော အသံဖြင့် ဆက်ပြောလာ၏။
"ပြီးတော့ ကိုယ်ပြောခဲ့သလို ဒါတွေက လွန်ခဲ့တဲ့ နှစ်တွေအများကြီးတုန်းက ဖြစ်ခဲ့တာလေ။"

ထုန်ရန့်က မကျေနပ်သေးပဲ မေးလာသည်။
"ဟုတ်လို့လား"

သူထုန်ရန့်ကို ပြုံးကြည့်ရင်းဖြင့်
ကြာသပတေးနေ့ညတုန်းက မင်းရဲ့ အစ်ကိုကြီးနဲ့ ရန်ဖြစ်ပြီး မင်းငိုခဲ့တယ်မလား။ ဒါပေမဲ့ နောက်ထပ် နှစ်နာရီလောက်ကြာတော့ စိတ်ထဲမှာ မသက်သာသွားဘူးလား။"

ကျိုးရှန့်မင်က သူငိုခဲ့သည့်အကြောင်း စကားစလာသောကြောင့် ကြောက်လန့်တကြားယြကာကွယ်လိုက်သည်။
"အဲ့ဒါ ကျွန်တော် အရမ်း ဒေါသထွက်သွားလို့ဖြစ်တာလေ။ သိပြီလား"

သူ့ကိုယ်သူ သဘာဝကျသည်အမှတ်ဖြင့် ထုန်ရန့် ခေါင်းကို ချာခနဲ တစ်ဖက်သို့လှည့်လိုက်သည်။ သို့သော် ထိုသို့ ပြုလုပ်ခြင်းက စကားကိုအဆုံးသတ်ရာတွင် အနည်းငယ် တောင့်တင်းနေခဲ့၏။

ကျိုးမိသားစု၏ အိမ်သို့ နီးသထက်နီးလာပြီဖြစ်ကာ အတွေးထဲတွင် နစ်မျောနေ​သော ထုန်ရန့်က ရုတ်တရက် သတိရသွား၏။
"အစ်ကို ဒီနေ့ ကျိုးကျားရှောရော အိမ်မှာရှိလား"

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now