Chapter 16

4.4K 791 9
                                    

Please scroll down for Zawgyi

(Unicode)

မပြည့်စုံသေးသော ဒေတာအချက်အလက်များကြောင့် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင်
လူမှုကွန်ယက် အသုံးပြုသူများ၏ active ဖြစ်ချိန်ကို ပုံမှန်အားဖြင့် အချိန်ကွာဟချက် နှစ်နာရီမှ သုံးနာရီကြားသို့ ရွှေ့ဆိုင်းလိမ့်မည်။

သို့သော်လည်း ထိုစနေနေ့ နံနက်၇နာရီတွင် OUKM ၏ စာရင်းရှိ ထိပ်ဆုံး ရှာဖွေမှုသုံးခုမှာ "ပေါ်ပြူလာဖြစ်နေသည်" ဟူ၍ သက်မှတ်ခံထားရသည်။ keywordများမှာ "ကျိုးမိသားစုမှကောင်လေး estrus"၊ "ကျိုးရှန့်မင်"၊ "ကျိုးရှန့်မင် estrus" ဟူ၍ဖြစ်သည်။

မသိတဲ့လူများက ဤရှာဖွေမှု keywordများကိုကြည့်လျှင် ကျိုးရှန့်မင်ဟု အမည်ရသောသူ၏ estrus ကာလ ဟုပင် ထင်သွားနိုင်သည်။

သို့သော်လည်း ထိုသို့ မသိရန်မှာ အလွန်ရှားပါးပေသည်။ လူမှုဆက်ဆံမှုနှင့် အဆက်မပြတ်သော လူဖြစ်နေသရွေ့ မသိရန် အကြောင်းမရှိချေ။

နောက်ဆုံးတော့ ချမ်းသာကြွယ်ဝပြီး အင်အားကြီးမားသော စာရင်း၌ ၅နှစ်ဆက်တိုက် Top 5ထဲမှာရှိနေသော ၂၇နှစ်အရွယ် Alpha အမျိုးသား၏ ကြည်နူးဖွယ်ကောင်းသော ဘဝနှင့် အိမ်ထောင်ရေးကြောင့် အင်တာနက်ကို ပေါက်ကွဲစေခဲ့သည်မှာ ပထမဆုံးအကြိမ်တော့မဟုတ်ချေ။

Netizen များမှာ သူမွေးဖွားလာရာ မိသားစုအကြောင်း၊ သူ၏ လက်ထပ်ပွဲနှင့် အိမ်ထောင်ဖက်အကြောင်းသာမက သူ၏ ကြွယ်ဝမှုအကြောင်းကို မမောနိုင်မပန်းနိုင်ပြောနေကြပြီးဖြစ်သည်။

ငယ်ရွယ်တယ်၊ ချောမောတယ်၊ ပြီးတော့ သောက်ရမ်းလည်းချောတယ်။ သေချာတာက သူဘယ်ကို သွားသွား လူတိုင်းရဲ့ အာရုံကို ဖမ်းစားနိုင်လွန်းတယ်။

ပထမဆုံး linkကို နှိပ်ကြည့်လိုက်သောအခါ "ဘန်းဘန်း"ဟူသည့် OUKMတွင် ကျော်ကြားသော အတင်းအဖျင်းတင်သည့်အကောင့်မှ တင်ထားသော ပေါ်ပြူလာအဖြစ်ဆုံး updateအသစ်ကို တွေ့ရသည်။

ထိုpost၌ ဤသို့ရေးထားသည်။ :

[#ဘန်းဘန်း၏နံနက်ခင်း ဖျော်ဖြေရေးသတင်းထုတ်လွှင့်မှု #ကျိုးသခင်လေး #ကျိုးရှန့်မင် #ညနက်သန်းခေါင် အသစ်စက်စက် လက်ထပ်ထားသော omegaလေးနှင့် အရေးပေါ်ခန်းသို့ အလည်တစ်ခေါက်(ချစ်ဖို့ကောင်းသော၊ အားကျမှုတစ်သိန်း)]

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now