Episode[ 18 ]🧡

Start from the beginning
                                    



ဒီကဗျာကြီးကို ကျွန်တော်နားမလည်ဘူး။
ထပ်ပြီး ကျွန်တော်တုံးပြန်ပြီ။

"အကို.."

"ပြောလေ ချမ်းမင်း"

"ဒီကဗျာကို ကျတော်နားမလည်ဘူး"

"ဟမ် ပြပါဦး"

ချည်နှောင်ဖတ်ကြည့်လိုက်တော့ ထိုကဗျာဟာလည်း ချည်နှောင့်အကြိုက်ထဲက တစ်ပုဒ်ဖြစ်သည်။ချမ်းမင်းလို စုံလုံးယုံကလေးတစ်ယောက်အတွက် ဒါကနားလည်ဖို့ ခက်ကောင်းခက်နိုင်သည်။

"ပြောပြမယ် သူ့အဓိပ္ပယ်က အတွဲတစ်တွဲမှာ နှစ်ယောက်လုံးပြောစရာစကားတွေမရှိတော့ဘူး ၊နှစ်ယောက်လုံး တူတူနှုတ်ဆိတ်နေတယ် ၊နှစ်ယောက်စလုံးတစ်ယောက်တစ်မျိုး လုပ်ချင်တဲ့အလုပ်လုပ်နေကြတယ် ၊ဒါပေမဲ့ အဲ့လိုနှုတ်ဆိတ်ဝေးကွာနေလို့ သူတိူ့တွေကက သီးခြားစီလားဆိုတော့ မဟုတ်ဘူး ၊သူတို့နှစ်ယောက်က တစ်ယောက်တည်းပဲ"

"ဟမ် နှစ်ယောက်က တစ်ယောက်တည်းပဲဆိုတာက ဘာကြီးလဲ နားမလည်ပါဘူး"

"နှစ်ကိုယ့်တစ်စိတ်လေ"

"ဟင်.."

"လူတစ်ယောက်နဲ့ တစ်ယောက်ပုံမှန်ထက်သံယောဇဥ်ပိုသွားကြတဲ့အခါမှာ သူတို့ကြားမှာ စကားလုံးတွေမလိုတော့ဘူး"

"ဘာလို့လဲ စကားမပြောပဲ ဘယ်လိုဆက်သွယ်ကြလဲ"

"သူတို့က စကားပြောပြီးဖြေရှင်းရလောက်အောင် မလိုလောက်တဲ့ နားလည်မှုတွေရှိလို့လေ"

"နားလည်မှု ..."

"အင်း အချိန်တိုတိုတွင်း တည်ဆောက်လို့မရတဲ့ ယုံကြည်မှုနဲ့ နားလည်မှု"

ကျွန်တော် ကဗျာကို ကောင်းကောင်းကြီးနားလည်သွားပြီ။
ကျွန်တော်လည်း စကားလုံးကြားခံတွေမလိုလောက်အောင် အကို့ကိုနားလည်ချင်တယ်။
မဟုတ်ဘူး နားလည်အောင်ကြိုးစားမယ်။

မြတ်နိုးရပါသော သုံ့ပန်း[ Beloved Captive ]Where stories live. Discover now