Extra 2 Uni/Zawgyi

2.7K 65 0
                                    

Extra 2

နေအလင်္ကာနဲ့ ပတ္တမြားရတနာတို့ရဲ့ အိမ်ထောင်သက် 4နှစ်ပြည့်တဲ့နေ့ဖြစ်တဲ့အတွက် တာဝတိံသာစံအိမ်ကြီးတွင် ဖိတ်ကြားထားသော ဧည့်သည်များစွာရောက်ရှိနေသည်။ Dragonရဲ့လက်အောက်ခံဂိုဏ်းငယ်များပင် ပါဝင်လေသည်။ ဧည့်သည်များနဲ့Dragonဂိုဏ်းလက်အောက်ခံ ဂိုဏ်းငယ်လေးများ လက်ဆောင်ပေးသော လက်ဆောင်ပစ္စည်းများမှာလည်း များပြားစွာ။ မိုးမကရတနာစံအိမ်ကလူများနဲ့ ပုလဲရတနာတို့ မိသားစုကပါရောက်ရှိနေပြီဖြစ်သည်။

"သား .. ဟိုမှာသားညီလေးနဲ့ ညီမလေးတွေဆီသွားနှုတ်ဆက်လိုက်အုန်း .."

"ဟုတ်ကဲ့ .. မာမီ .."

ပုလဲရတနာက ထွက်သွားသော အာကာရှိုင်းလေးကိုကြည့်နေချိန်တွင် ...

"မိန်းမ .. သားလေးရော .."

"သားကသူ့ညီနဲ့ ညီမလေးတွေဆီသွားတယ် ကို .."

"အော် .. မိန်းမကရော လိုက်မသွားဘူးလား .."

"ဟင့်အင်း .. ကို့ကိုစောင့်နေတာ .."

"ဟုတ်လား .. မိန်းမဗိုက်ဆာနေပြီမို့လား စားတော့လေ ကိုယ်ဝန်နဲ့ဆိုတော့ အဆာမခံနဲ့ .."

"အင်းပါ .. ကိုရဲ့ .."

ထိုစဉ် ပုလဲရတနာတို့ထံသို့ ဦးမိုးစက်ရတနာ၊ ဒေါ်မိုးမကရတနာ နဲ့ Diamondတို့ပါ ရောက်လာလေသည်။

"မလတ်စားလို့မှကောင်းရဲ့လား ခေါင်းတောင်မဖော်ဘူးနော် .."

"ငါစားတာမဟုတ်ဘူး ဟောဒီဗိုက်ထဲက နင့်တူလေးက စားနေတာ .."

"ဟားဟား .. ငါ့အစ်မကတော့ကွာ စားချင်စားချင်တယ်ပေါ့ ခုတော့ဗိုက်ထဲက ကလေးလေးကို လွှဲချနေ .."

"ဟာ .. Diamondနော် ငါတကယ်ပြောနေတာကို .."

"ကဲကဲသားလည်း မစနဲ့တော့ သမီးလည်းအစပ်တွေမစားနဲ့နော် ကလေးအတွက်မကောင်းဘူး .."

"ဟုတ်ကဲ့ .. မာမီ .."

"မြေးအာကာရှိုင်းလေးရော မမြင်မိပါလား .."

"သူ့ညီနဲ့ညီမတွေဆီသွားတယ် မာမီ .."

"ဟုတ်လားဒါဆို ကျွန်တော်လည်း ကလေးတွေဆီသွားလိုက်အုန်းမယ် မာမီ .."

𝐸𝑡𝑒𝑟𝑛𝑎𝑙 𝐿𝑜𝑣𝑒 𝐼𝑛 𝑀𝑎𝑓𝑖𝑎 , (𝑵𝒐𝒓𝒎𝒂𝒍) {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑...}Tempat cerita menjadi hidup. Temukan sekarang