Ep 13 Uni/Zawgyi

2K 57 0
                                    

Unicode

အခန်း {13}

မနက်7နာရီအချိန်တွင် နေအလင်္ကာသည် ပတ္တမြားဆီသို့ ဖုန်းဆက်လေသည်။

"ဟယ်လို ဘယ်သူလဲ .. ဘာကိစ္စရှိလို့ပါလဲ .."

*ပတ္တမြားဆီသို့ unknownဆိုသော ဖုန်းလေးထပ်ဝင်ခဲ့လေသည်။

"မောင်ပါ မရဲ့ .."

"ဘယ်ကမောင်လဲ ဘာတွေလာပြောနေတာလဲ .."

"မနက်ဖြန် မနဲ့ မင်္ဂလာဆောင်ရမယ့် မရဲ့ခင်ပွန်းလောင်း နေအလင်္ကာပါ မရဲ့ .."

"ဘာကိစ္စရှိလို့ ဖုန်းဆက်တာလဲလို့ .."

"မင်္ဂလာဝတ်ဆုံ သွားအပ်ရမယ်လေ မရဲ့ .. နောက်နာရီဝက်နေရင် မောင်လာခေါ်မယ် .. မရဲ့အိမ်မှာ စောင့်နေနော် .."

"မလိုဘူး ငါ့မှာ မှာထားတာရှိတယ် .."

"မရပါဘူးနော် .. ကျွန်တော်က မကို ထိုင်မသိမ်းဝတ်ဆုံလေးနဲ့ပဲ မြင်ချင်တာ ..ဒါကြောင့်ကျွန်တော်ကိုယ်တိုင်ပဲ ရွေးပေးမှာနော် .."

"ပြီးရော စကားမများနဲ့ မြန်မြန်လာ .."

"အာ့ဆို ဒါပဲနော် .. မ .."

"နေအုန်း .. ‌မင်းငါ့ကို 'မ'လိုမခေါ်နဲ့ .."

"ခေါ်မှာပဲ မနက်ဖြန်ပဲ မင်္ဂလာဆောင်ရတော့မှာကို .."

"မ .. လည်းနောက်ကျရင်မောင့်ကို မောင်...လိုပဲခေါ်ရမယ် .."

"အားအားယားယား ခေါ်စရာလား .."

"အခုခေါ်ခိုင်းတာ မဟုတ်ပါဘူး .. နောက်ကျရင် မ .. မောင့်ကိုချစ်သွားတဲ့ အချိန်‌ရောက်မှ ခေါ်ပါ .."

"ဆုတောင်းလေ ချစ်စရာလား .."

"နောက်ကျရင် မ .. မောင့်ကိုချစ်သွားမှာပါ .."

"မင်းနဲ့ငါ ချစ်စရာဘာအကြောင်းမှ မရှိဘူး .."

"ရှိတာပေါ့ မောင်က'မ'ကို ချစ်တယ်လေ .. အဲ့တော့ 'မ' လည်းမောင့်ကိုတစ်ချိန်ချိန် ပြန်ချစ်ရမှာပဲ .."

"မင်းချစ်တိုင်းပြောရအောင် ငါကယုံစရာလား .."

"မ .. ခုမယုံချင်လည်းနေ နောက်ကျရင်ယုံလာမှာပါ .."

"အဟွန်း...ရယ်ရတယ်နော် ရည်းစားကြီးရှိနေပါလျှက်နဲ့ နောက်တစ်ယောက်ကို ချစ်တယ်ပြောရဲတာ .."

𝐸𝑡𝑒𝑟𝑛𝑎𝑙 𝐿𝑜𝑣𝑒 𝐼𝑛 𝑀𝑎𝑓𝑖𝑎 , (𝑵𝒐𝒓𝒎𝒂𝒍) {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑...}Opowieści tętniące życiem. Odkryj je teraz