Ep 14 Uni/Zawgyi

2K 60 0
                                    

Unicode

အခန်း {14}

*21ရက် မင်္ဂလာပွဲနေ့*

ပတ္တမြားသည် မိတ်ကပ်ပြင်ဆင်ပြီးချိန်တွင် သတိုးသမီးဝတ်စုံ မိုးပြာရောင်နုနုလေးကို ဝတ်ဆင်လိုက်တော့သည်။ ဖြူဖွေးနုညံ့နေသော သူမ၏ကိုယ်ပေါ်တွင် မိုးပြာရောင်နုနုလေးက စိန်များစွာဖြင့် တလက်လက်တောက်ပနေပြီး လှပစွာတည်ရှိနေသည်။

နှုတ်ခမ်းလေးကိုတော့ ပန်းဆီရောင်လေးဆိုးထားပြီး၊ ဆံပင်တွေကိုတော့ နောက်တွင် ဆံထုံးလေးထုံးထားလေသည်။ ကျော့ရှင်းသောလည်တိုင်နုနုတွင် ပတ္တမြားအနီရောင်ဘယက်ကြီးကိုလည်း ဝတ်ဆင်ထားသည်။ သူမသည် အင်္ကျီတွင်စိန်သုံးထားသဖြင့် လက်ဝတ်ရတနာကိုတော့ ပတ္တမြားအနီရောင်ကိုသာ သုံးလိုက်တော့သည်။

မိုးပြာရောင်နုနုလေးနဲ့သူမလေးသည် လှချင်တိုင်းလှနေသည်။ ကမ္ဘာပေါ်တွင် အလှဆုံးမိန်းကလေးတစ်ယောက်လိုပင် လှပစွာတည်ရှိနေသည်။

"သမီးပြီးပြီလား ‌.. သားတို့ကလာနေပြီတဲ့ .."

"ဟုတ်ကဲ့ ပြီးပြီမာမီ .."

"မာမီ့သမီးလေးက လှလိုက်တာကွယ် မထိရပ်စရာ ကြွေရုပ်လေးအတိုင်းပဲ .."

"ဟုတ်တယ်နော် မာမီ .. မမက .. သမီးမင်္ဂလာဆောင်တုန်းကထက်တောင် လှနေတယ် .."

"မာမီတူတာကို လှမှာပေါ့လို့ .."

"ဟုတ်ပါပြီ မာမီ့သမီးတွေအကုန်လုံးလှပါတယ်လို့ မာမီပြောထားတာကို .. လာသွားကြမယ်
အောက်ထပ်ကို .."

"ဟုတ်ကဲ့ မာမီ .."

"လာမမ သွားရအောင် .."

ခဏအကြာတွင် နေအလင်္ကာတို့ မိသားစုလည်းရောက်လာတော့သည်။

နေအလင်္ကာသည်လည်း မိုးပြာရောင်နုနုတိုက်ပုံအင်္ကျီလေးနဲ့ပုဆိုးကို သေချာသပ်ရပ်စွာ ဝတ်ဆင်ထားပြီး၊ ခေါင်းတွင်လည်း မိုးပြာရောင်နုနုခေါင်းဆောင်းလေးကို ဆောင်းထားသည်။ ဖိနပ်‌လေးကိုလည်း မိုးပြာရောင်သာစီးထားလေသည်။ မြန်မာတိုက်ပုံနဲ့ နေအလင်္ကာသည်လည်း ချောချင်သလို ချောနေတော့သည်။ အဲ့လိုချောနေလို့ပဲ Maths-major Kingဆိုတဲ့ဘွဲ့လည်း ရရှိထားပါသည်။

𝐸𝑡𝑒𝑟𝑛𝑎𝑙 𝐿𝑜𝑣𝑒 𝐼𝑛 𝑀𝑎𝑓𝑖𝑎 , (𝑵𝒐𝒓𝒎𝒂𝒍) {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑...}Where stories live. Discover now