Ep 8 Uni/Zawgyi

1.7K 62 0
                                    

Unicode

အခန်း {8}

"သမီး‌ဒယ်ဒီပြန်လာရင် တမူးကနေ ဘာမှာအုန်းမလဲ .."

"တမူးလုံချည်နဲ့ အာကာရှိုင်းလေးအတွက် စားစရာမုန့်တွေ ဝယ်ခဲ့ပါဒယ်ဒီ .."

ဒယ်ဒီက တမူးကနေ ကလေးမြို့သို့ ထွက်ခွာတော့မည်ဖြစ်၍ ခုလိုအလိုက်တသိ မေးမြန်းရခြင်းဖြစ်သည်။

"ဟယ်လို...သမီးလား ဒယ်ဒီကလေးမြို့ရောက်ပြီ ဘာဝယ်ခဲ့ရအုန်းမလည်း .. သမီးလိုချင်တာဝယ်ပြီးရင် လေယာဉ်ကွင်းသွားတော့မှာ .."

"ဟုတ်ကဲ့ဒယ်ဒီ မာမီ၊သမီးနဲ့ညီမ‌လေးအတွက် ချင်းဝမ်းဆက်တွေ ဝယ်ခဲ့လိုက်ပါဒယ်ဒီ .."

"အေးအေးသမီး ဒယ်ဒီကြည့်ကြတ်ဝယ်ခဲ့မယ် .."

"ဟုတ်ကဲ့ ဒယ်ဒီ .."

"သမီးလတ်တို့မိသားစုကိုလည်း ညနေကျရင် အိမ်လာလည်လို့ပြောလိုက်အုန်းနော် .."

"ဟုတ်မာမီ ပြောထားပြီးပြီ .. ဒယ်ဒီ .."

ဒယ်ဒီနဲ့ဖုန်းဆက်ပြီးနောက် နံနက်စာစားပြီး ကုမ္ပဏီသို့သွားရန် ပြင်ဆင်လိုက်တော့သည်။

"မာမီ သမီးကုမ္ပဏီသွားတော့မယ်နော် .."

"အေး...သမီး ကားကိုဂရုစိုက်မောင်းနော် .."

"ဟုတ်ကဲ့ မာမီ .."

"မာမီရေ သားလည်းသွားပြီနော် .."

"အေးအေး သား .."

ပရာဒိုနဲ့မာစီးဒီးအနက်ရောင်ကြီးသည် 10မိနစ်ကြာဖြတ်သန်းပြီးနောက် မိုးမကရတနာစံအိမ်အပြင်ဘက်သို့ ရောက်ရှိသွားတော့သည်။

ပတ္တမြားရတနာ ကုမ္ပဏီသို့အရောက်တွင် ကုမ္ပဏီအရှေ့တွင် ရပ်ထားသော မာစီးဒီးအနက်ရောင်ကြီးကို တွေ့လေသည်။ ပြီးလျှင် မာစီးဒီးထဲမှ ထွက်လာသောသူက အနက်ရောင်ရှပ်အင်္ကျီနဲ့ဂျင်းဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး ရွှေရောင်နာရီကြီးက ဖြူသောအသားရေမှာထင်းလျှက် ရှူးဖိနပ်ကအနက်ရောင်နဲ့ သူမဆီသို့ လျှောက်လှမ်းလာလေသည်။

"ဟင်...ကိုကို...ကိုကို...ဟုတ်ပါတယ်နော် .."

"ဟုတ်တာပေါ့ ပတ္တမြားရဲ့ကိုကို...စည်သူအောင်ပါဗျာ .."

𝐸𝑡𝑒𝑟𝑛𝑎𝑙 𝐿𝑜𝑣𝑒 𝐼𝑛 𝑀𝑎𝑓𝑖𝑎 , (𝑵𝒐𝒓𝒎𝒂𝒍) {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑...}Where stories live. Discover now