Extra 1 Uni/Zawgyi

1.8K 55 0
                                    

Extra 1

မနက်ဖြန် ပတ္တမြားတို့အိမ်ထောင်သက်4နှစ်ပြည့်ဖြစ်သည်။ ခုဆိုရင် ကလေးတွေကလည်း 1နှစ်ကျော်လောက်ရှိပြီဖြစ်သည်။ ခုချိန်ထိတော့သူမတို့မိသားစုလေးသည် အလွန်အေးချမ်းလျက်ရှိသည်။ နေအလင်္ကာဟာလည်း သူရဲ့အဖေDragonဂိုဏ်းရဲ့ဆက်ခံသူ ဖြစ်လာခဲ့ရုံသာမက တာဝတိံသာစံအိမ်ကြီးရဲ့ဆက်ခံသူ သခင်ကြီးပါဖြစ်လာခဲ့သည်။ နေအလင်္ကာရဲ့အားနည်းချက်နဲ့အားသာချက်ဟာ သူချစ်ရတဲ့မိသားစုပင် ဖြစ်လေသည်။ ဒါပေမယ့်သူ့အားနည်းချက်ရော အားသာချက်ရောကို ဘယ်သူမှမသိပါ။

"မောင်.. မနက်ဖြန်အိမ်မှာရှိနိုင်မလား .."

"ဘာဖြစ်လို့လဲ မိန်းမရဲ့ ပြောကြည့်လေ .."

"မနက်ဖြန်မိန်းမတို့ရဲ့ မင်္ဂလာသက်တမ်း4နှစ်ပြည့်မှာ မောင့်ကိုရှိစေချင်တယ် .."

"အော်..မိန်းမရယ် မောင်ကအဲ့ဒါကြောင့် ခုရက်ပိုင်းအလုပ်တွေအကုန် အပြတ်ဖြတ်နေပါတယ် .."

"အင်းပါမောင်ရယ် မိန်းမက မောင်မရှိမှာဆိုးလို့ပါ .."

"ဒယ်ဒီ .. မာမီ .. ချီအုန်း .."

"ဟာ .. ဒယ်ဒီ့သား နေလင်္ကာသျှန်လေးတောင် နိုးလာပြီပဲ လာပါအုန်း ဒယ်ဒီစီကို .."

"ဒယ်ဒီ .. သားသား ဗိုက်ဆာ .."

နေလင်္ကာသျှန်က သူ့ဗိုက်လေးအားပုတ်၍ နေအလင်္ကာအား ဗိုက်ဆာသည်ဟု ပြောလေသည်။

"ဟုတ်ပါပြီ ဒယ်ဒီသားက အိပ်ရာနိုးတော့ ဗိုက်ဆာနေပြီပေါ့ .. သားမာမီကို ဘာစားစရာရှိလဲ မေးလိုက်အုန်း .."

"မာမီ ဘာစားစရာရှိလဲ .."

"သားမမတွေ စားလို့ကုန်သွားပြီ မုန့်တွေက ဘာမရှိတော့ဘူးသားရဲ့ .."

"အဟင့် .. ဟင့် .. မာမီကဘာလို့သားတွက် ချန်မထားတာလဲ .. "

နေလင်္ကာသျှန်သူ့အတွက် မုန့်မချန်ထားလို့ဆိုပြီး သူ့အဖေနေအလင်္ကာရဲ့ လည်ပင်းအားဖက်၍ ငိုလေသည်။

"ကဲပါ မိန်းမရယ် မစပါနဲ့တော့ သားကို .."

"လာပါအုန်းမာမီဆီကို .."

"တော်ပြီမာမီက မကောင်းဘူး ဟင့် ... သားတွက်မုန့်မချန်ထားဘူး မာမီကိုသားချစ်တော့ဘူး ဟင့် .."

𝐸𝑡𝑒𝑟𝑛𝑎𝑙 𝐿𝑜𝑣𝑒 𝐼𝑛 𝑀𝑎𝑓𝑖𝑎 , (𝑵𝒐𝒓𝒎𝒂𝒍) {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑...}Where stories live. Discover now