Ep 16 Uni/Zawgyi

2.4K 61 0
                                    

Unicode

အခန်း {16}

နံနက်6နာရီအချိန်တွင် ပတ္တမြားနိုးလာသောအခါ  နေအလင်္ကာသည် သူမလေးကိုရင်ခွင်ထဲထည့်၍ အိပ်ပျော်နေသည်။ ညကသူ့ကြောင့် ပတ္တမြားလည်းအိပ်ရေးပျက်ရပါသည်။ နောက်ဆုံးတွင်ငို၍ရုန်းနေရင်း ပင်ပန်းသောကြောင့်သာ သူမ အိပ်ပျော်သွားတော့သည်။ သူကတော့အခု နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်နေသည်။ သူမလည်း မျက်နှာသစ်ဖို့ရာ သူ့လက်များကို ဖယ်လိုက်လျှင်ပင် သူကပိုတင်းကြပ်စွာ ဖက်ထားလိုက်လေသည်။

"မင်း .. နိုးရင်လည်း လွှတ်တော့ဖယ်နော် .."

"ငြိမ်ငြိမ်လေးပြန်အိပ်ပါ 'မ'ရာ မင်္ဂလာဦးနံနက်ခင်းလေးကို ခဏလောက်ပြန်အိပ်မယ် ဒီအတိုင်းလေးပဲဖက်ထားပြီးတော့ .."

"အို...မဖက်နဲ့ ဖယ်လွှတ်တော့လို့ .."

"မရဘူးနော် မ .." နဖူးလေးအား တစ်ချက်နမ်းလိုက်၍ သူက ပြန်အိပ်လေသည်။ ပတ္တမြားလည်း သူ့အား မရုန်းနိုင်တော့၍ ပြန်အိပ်နေလိုက်ရသည်။

8နာရီထိုးပြီးသောအခါ ပတ္တမြားထပ်နိုးလာသောအခါ ကြည့်လိုက်တော့ သူကမရှိတော့ပေ။
သူမကိုတော့ စောင်ဆွဲခြုံပေးထားသည်။ ပတ္တမြားလည်း မျက်နှာသစ်၍ အိမ်ရောက်ထပ်သို့ ဆင်းလာချိန်တွင် ထမင်းစားခန်းထဲမှ ဟင်းနံ့များရနေသဖြင့် ထမင်းစားခန်းထဲသို့ ဝင်လာလိုက်သည်။ နေအလင်္ကာကတော့ ဟင်းချက်နေသည် သူမကိုမြင်လျှင် ..။

"ဟာ...မ နိုးလာပြီလား .."

"မင်းဘာလို့ တို့ကိုမနှိုးတာလဲ .. 8နာရီတောင်ထိုးနေပြီ နောက်ရက်ကုမ္ပဏီသွားချိန် မထနိုင်ပဲ နေလိုက်အုန်းမယ် .."

"မောင်က 'မ'ညတုန်းက ပင်ပန်းထားတာသိလို့ မနှိုးတာပါ ..  ဒီမှာ 'မ'စားဖို့အတွက် ရှမ်းခေါက်ဆွဲဝယ်ထားတယ် .."

"တို့ ..ပင်ပန်းအောင် ဘယ်သူလုပ်တာလဲ .. ဒီလည်ပင်းကဟာတွေက‌ရော ဘယ်သူလုပ်တာလည်း  မပြောလိုက်ချင်တော့ဘူး .."

"ဆောရီးပါ မရယ် မောင်ချစ်လွန်းလို့ မထိန်းနိုင်ဖြစ်သွားတာပါ ..  လာရှမ်းခေါက်ဆွဲ လာစားတော့ .."

𝐸𝑡𝑒𝑟𝑛𝑎𝑙 𝐿𝑜𝑣𝑒 𝐼𝑛 𝑀𝑎𝑓𝑖𝑎 , (𝑵𝒐𝒓𝒎𝒂𝒍) {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑...}Tahanan ng mga kuwento. Tumuklas ngayon