Ep 18 Uni/Zawgyi

2.2K 59 0
                                    

အခန်း {18}

ဒီလိုနဲ့ပတ္တမြားတို့ အိမ်ထောင်သက်တမ်း 2နှစ်ပြည့်ခဲ့လေပြီ။ နေအလင်္ကာကလည်း ပတ္တမြားအား ကလေးယူရန် ပူဆာနေတော့သည်။

"မ...တားဆေးတွေမသောက်ပါနဲ့တော့လို့ မောင်လေ မောင့်နဲ့မရဲ့ ရင်သွေးလေးကို ရချင်နေပြီ ..ပြီးတော့ မ..ဆီကနေ ချစ်တယ်ဆိုတဲ့အဖြေလည်း ရချင်ပြီ .."

"မလောဘူးလား .. တို့နဲ့မင်းနဲ့ အိမ်ထောင်သက်က2နှစ်ပဲ ရှိသေးတာ .. တို့ကမင်းရဲ့အချစ်ကို ယုံရတော့မှာလား နေအလင်္ကာ ..."

ပတ္တမြားရတနာက နေအလင်္ကာအား သူ့ရဲ့ရင်သွေးကို လက်ခံတဲ့နေ့ သူ့ကိုချစ်တယ်လို့ အဖြေပေးတယ်မှတ်လိုက်လို့ ပြောထားလေသည်။

"မနက်ဖြန်က Juneလ21ရက်နေ့ မင်းရဲ့မွေးနေ့မို့လား ၊ ပါတီက လုပ်အုန်းမှာလား .."

"မ လုပ်စေချင်ရင် လုပ်မယ်လေ မရဲ့သဘောပဲ .."

"ဒါဆိုမနက်ဖြန်မင်းရဲ့ 23နှစ်ပြည့်မွေးနေ့ ခြံထဲမှာလုပ်မယ် ပန်းအလှဆင်တဲ့သူတွေခေါ်ထားလိုက်မယ် .. ပြီးတော့ဒယ်ဒီတို့မာမီတို့ကိုလည်းဖိတ်မယ်.. မင်းရဲ့သူငယ်ချင်းတွေရော တို့ရဲ့ကုမ္ပဏီကလူတွေရော အိမ်နီးနားချင်းတွေရော အကုန်ဖိတ်မယ် .."

"ဟုတ်ပြီ မရဲ့သဘောအတိုင်းပါဗျာ .."

ဒီနေ့ကနေအလင်္ကာရဲ့ 23နှစ်ပြည့်မွေးနေ့မို့လို့ ခြံထဲမှာ မွေးနေ့ပွဲအလှဆင်သူတွေရယ် စားပွဲဝိုင်းတွေရယ် အလုပ်သမားတွေရယ် အကုန်အလုပ်ရှုပ်နေကြတယ်။ နေအလင်္ကာရဲ့ မွေးနေ့ကို ညနေ7နာရီကနေ ည10:30အထိ ကျင်းပရန်ပြင်ဆင်ထားတယ် ။

မွေးနေ့ကိတ်ခွဲချိန်သို့ ရောက်တော့မည်ဖြစ်ရာ လူတွေကလည်း အစုံအလင်ရောက်နေပြီ ဖြစ်သည်။
ပတ္တမြားရတနာကလည်း အိမ်ထောင်ရှင်မ ပီသစွာပင် ဘာမှမလိုအောင် ပြင်ဆင်ထားမှုကြောင့် နေအလင်္ကာရဲ့ မိဘများနဲ့ သူမ၏မိဘများက သူမအားကြည့်၍ ပျော်ရွှင်နေကြသည်။

"ကိတ်ခွဲတော့မယ်ဆိုတော့ ဒယ်ဒီတို့မာမီတို့ကို စင်ပေါ်ကိုဖိတ်ခေါ်ပါတယ်နော် သူငယ်ချင်းတွေလည်း လာကြပါ ကလေးလေးတွေပါရင်လည်း စင်ပေါ်ကို လာပေးကြပါဗျာ .."

𝐸𝑡𝑒𝑟𝑛𝑎𝑙 𝐿𝑜𝑣𝑒 𝐼𝑛 𝑀𝑎𝑓𝑖𝑎 , (𝑵𝒐𝒓𝒎𝒂𝒍) {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑...}Where stories live. Discover now