Ep 20 End Uni/Zawgyi

3.1K 59 0
                                    

အခန်း {20} ဇာတ်သိမ်း

9လလွယ်10ထဲရောက်တော့ ပတ္တမြားမွေးရမယ့်ရက်ကလည်း နီးလာတော့သည်။ နှစ်ဖက်မိဘများကလည်း အိမ်သို့ရောက်လာတတ်ပြီး အိပ်ချိန်ရောက်မှသာ ပြန်သွားတတ်သည်။ နေအလင်္ကာကလည်း ပတ္တမြားအားလမ်းလျှောက်ထွက်ချိန် ခြံထဲသို့လမ်း လျှောက်အတူဆင်းပေးပြီး စားချိန်ရောက်ရင်လည်း အစားကိုပုံမှန်ကျွေးပြီး အားဆေးပါ‌တစ်ခါထဲ သောက်စေတယ်။

"မ ရော့အားဆေးသောက်လိုက်အုန်း ပြီးရင်TVခဏကြည့်ကြမယ် .."

"အင်းပါ မောင်ရယ် .."

နေအလင်္ကာက ပတ္တမြားအား ပါးလေးကိုနမ်းလိုက်ပြီး သူ့ရင်ခွင်ထဲဖက်ကာ TVကြည့်နေစေသည်။

"မောင် မတို့ကလေးလေးတွေကို အကောင်းဆုံးပျိုးထောင်ကြမယ်နော် .. မောင်က နောင်အနာဂတ်မှာ ဘာတွေပဲဖြစ်ဖြစ် သားနဲ့သမီးလေးတွေကို ကာကွယ်စောင့်ရှောက်ရမယ်နော် .."

"မောင် ကတိပေးပါတယ် မနဲ့ကလေးတွေကို မောင်ကာကွယ်စောင့်‌ရှောက်ပါ့မယ် မ စိတ်မပူပါနဲ့နော် .."

" ..... "

*******

ပတ္တမြားခြံထဲရှိ အပန်းဖြေနေရာလေးတွင် တစ်ယောက်ထဲ အနားယူနေခိုက် သူမရဲ့ဗိုက်က အလွန်နာကျင်လာတာကြောင့် သူမလည်းဗိုက်လေးကိုင်၍ အော်ဟစ်နေလေသည်။

"အာ့...မာမီတို့ရေ .. မောင်ရေ .. လာကြပါအုန်း .."

"သမီး ဘာဖြစ်လို့လဲ.."

"မ ဘာဖြစ်တာလဲ .."

"ဗိုက်နာလာလို့ပါ သမီးမွေးတော့မယ်ထင်တယ် မာမီရေ .."

"သားကားပြင် ဆေးရုံးသွားကြမယ် မာမီကလိုအပ်တဲ့ပစ္စည်းတွေ ယူပြီးရင် ဆေးရုံးတန်းလိုက်ခဲ့မယ် .."

"ဟုတ်ကဲ့မာမီ .."

နေအလင်္ကာ ၊ ပတ္တမြားနဲ့သူမအမေက ဆေးရုံသို့တန်းသွားကြပြီး နေအလင်္ကာရဲ့အမေကတော့ ဦးနေလင်းကမ္ဘာကိုဖုန်းဆက်ပြီး ဆေးရုံလိုက်ခဲ့ရန် မှာကြားလေသည်။

"မ အားတင်းထားနော် မကြာခင်မွေးခန်းထဲရောက်တော့မှာ .."

"အာ့ ... နာတယ် ...မာမီရေ နာတယ်.. အာ့..."

𝐸𝑡𝑒𝑟𝑛𝑎𝑙 𝐿𝑜𝑣𝑒 𝐼𝑛 𝑀𝑎𝑓𝑖𝑎 , (𝑵𝒐𝒓𝒎𝒂𝒍) {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑...}Where stories live. Discover now