အခန်း ၁၆၈ - ချမ်းသာကြွယ်ဝခြင်း

Start from the beginning
                                    

"မွေးစားအဖေ အဲ့ဆိုင်နှစ်ဆိုင်ဝယ်ရင် ဘယ်လောက်ကုန်မလဲ"
ယွီရှောင်ချောင်းက အချိန်တိုလေးအတွင်း ထိုဟာဝယ်ဖို့ ငွေအများကြီးမရှာနိုင်မှာ စိုးနေတယ်။

ဖန်းဇီကျန်းက သူသမီးကလည်း သူ့အကြံကိုသဘောတူတော့ သူက ဆိုင်ခန်းတွေ ဝယ်တဲ့သူ ဖြစ်တာထက်ကို ပိုပျော်နေတော့တယ်။ သူကဖြီးနေအောင် ပြုံးလိုက်ပြီး
"ငါ့သမီး...ဈေးနှုန်းအတွက် စိတ်ပူမနေနဲ့ ပိုက်ဆံမလောက်ရင် ဒီမွေးစားအဖေက ပေးမှာပေါ့ ပိုက်ဆံတွေ အများကြီး ရှာနိုင်တဲ့အခါကျ ပြန်ပေး!"

ယွီရှောင်ချောင်းက သူ့ကိုမျက်စောင်းထိုးလိုက်တယ်။ သူမသာ ဒီအကြံကိုလက်ခံကြည့်ပါ့လား နောက်ကျ ပြန်ပေးချင်တယ်ဆို အကြောင်းအမျိုးမျိုးပြပြီး ယူဖို့ငြင်းနေမယ်ဆို သူမသေချာသိတယ်။ သူမအဖေက သူမကို ကောင်းကောင်းဆက်ဆံနေတာပဲလေ ထပ်ပြီး လူတွေက သူ့ငွေနဲ့ အာဏာကို အခွင့်ကောင်းယူပါတယ် ဆိုပြီးတော့ အပြောမခံနိုင်ပေ။ ထို့သို့ဆိုရရင် မွေးစားအဖေရဲ့အိမ်မှာလည်း မွေးစားအမေရှိသေးသည်။ မွေးစားအမေသာ သူမကို မတော်လောဘကြီးပြီး မရောင့်ရဲတဲ့သူလို့သာ ထင်သွားရင် သူမဘယ်လိုပြန်ပြင်ဆင်ရမလဲကို သိမှာမဟုတ်တော့ဘူး။
ကျိုးကျီရွှီရဲ့မျက်နှာပေါ်မှ အပြုံးက ပိုလို့တောက်ပလာတယ်။ သူက ဖန်းဇီကျန်းကို သတိနည်းနည်းထားပြီး ပြောလိုက်တယ်

"သခင်ကြီးဖန်း, ရှောင်ချောင်း ဆိုင်တွေဝယ်ဖို့ ပိုက်ဆံမလောက်မှာ စိတ်ပူစရာမလိုပါဘူး။ သူက အခုဆို လုံးဝကို ချမ်းသာတဲ့မမလေးဖြစ်နေပြီ။ စက်ရုံကရမယ့် အမြတ်တွေကိုတောင် ထည့်မတွက်သေးနဲ့ဦး ဘဲသားပေါင်းက ရတဲ့အမြတ်နဲ့တင် အဲ့ဒီဆိုင်နှစ်ဆိုင်ဝယ်ရနေပြီ!

ဈေးကွက်ထဲ ဘဲသားပေါင်းရောက်နေတာ နှစ်လလောက်တောင်ရှိနေပြီ။ ဘဲသားပေါင်းတစ်ပွဲအတွက် ရှောင်ချောင်းက တစ်လျန် ဝက်လောက် ပြန်ရတယ်။ ထန်ကူမြို့က ကျိန်ရှုံစားသောက်ဆိုင်နဲ့ မြို့တော်က နောက်တစ်ဆိုင်က နေတိုင်း အနည်းဆုံး ဘဲသားပေါင်း ပွဲ၂၀၀လောက် ရောင်းရတယ်။ ပြောရမယ်ဆို ရှောင်ချောင်းက သဘောတူညီမှုကနေ တစ်နေ့ကို လျန်ရာကျော်လောက်ရနေတယ်။ သူမကို ချမ်းသာတဲ့မမလေးလို့ ခေါ်တာ ချဲ့ကားပြောနေခြင်းမဟုတ်ပေ။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now