အပိုင်း ၁၆၂ - မနာလိုမှု

Start from the beginning
                                    

လူတစ်ယောက်မှာ အလုပ်လုပ်ရန် ဆန္ဒရှိနေသရွေ့ ရလဒ်ကောင်းရနိုင်မည်သာ။ အရွယ်ရောက်သူတစ်ဦးက တစ်နေ့ကိုပျမ်းမျှ (အနည်းဆုံး)ပင်လယ်ခရုဆယ်ကျင်းတူးလို့ရတယ်။ အသက်ကြီးတဲ့သူ၊ မိန်းမနဲ့ ကလေးတွေကတော့ ကမာကောင် ကျင်းအနည်းငယ်သာ ရကြတယ်။ ဒီလိုနည်းနဲ့ပဲ တုန်ရှန်းရွာက ရွာသူရွာသားတွေအကုန်လုံး အလုပ်လုပ်ဖို့ ဆန္ဒရှိနေသရွေ့ တစ်နေ့ကို ကြေးဒင်္ဂါးပြားတစ်ရာလောက် မမောမပန်းတဲ့နည်းနဲ့ ရှာနိုင်တဲ့အခွင့်အရေးရှိသွားတော့တယ်။

ဒီလိုနဲ့ ပင်လယ်မျှော့နဲ့ ကမာကောင် ကုန်ပစ္စည်းဟာ ဈေးကွက်ထဲ ပုံမှန်စီးဆင်းလာခဲ့တယ်။ ယွီဟိုင်ဟာ ကျင်းထောင်ကျော်တဲ့ ပင်လယ်ခရုတွေကို ဝယ်ခြမ်းပြီး ပင်လယ်ထွက်ပစ္စည်းတွေအကုန်လုံးကို ဆိပ်ကမ်းရဲ့ အလုပ်ရုံဆီကို တန်းပို့လိုက်တယ်။ ဟင်းခတ်အမွှေးအကြိုင်ထုတ်တဲ့စက်ရုံမှာ သေလွန်သည်အထိ ကျိုးမိသားစုကိုပဲ အလုပ်အကျွေးပြုမယ်လို့ စာချုပ်ချုပ်ဆိုထားတဲ့ အလုပ်သမားတွေကိုသာ ခန့်အပ်ထားတယ်။ ခရုဆီဖြစ်ဖြစ် ဟင်းခတ်မှုန့်ဖြစ်ဖြစ် ဖော်စပ်နည်းကိုတော့ လျှို့ဝှက်ထားရမှာလေ။ ဒါကြောင့် အဓိကကျတဲ့ အလုပ်သမားတွေက ကျိုးမိသားစုရဲ့မျိုးဆက်တွေကိုပဲ အလုပ်အကျွေးပြုမှ ဖြစ်မှာပေါ့။ အလုပ်ရုံမှာခန့်ထားတဲ့ လုပ်သားငါးဆယ်ကို သေချာစီစစ်ပြီး ရွေးထားခဲ့တာ။ ဒါပေမယ့် မှာယူမှုတွေများလာတော့ လုပ်အားတွေက ပိုပြီးလိုလာတော့တယ်။

ပင်လယ်မျှော့ကို သန့်ရှင်းရတာက အလုပ်သမားတွေရဲ့ အခက်အခဲဆုံးအပိုင်းပဲ။ ဒါကြောင့် တတိယသခင်လေးကျိုးက ဝယ်ယူဖို့အတွက် စည်းမျဉ်းသစ်တစ်ခု ထပ်ထုတ်လိုက်တယ် : သန့်ရှင်းပြီးသား ပင်လယ်မျှော့ကို ရိုးရိုးပင်လယ်မျှော့ထက် ဈေးနှစ်ဆပေးဝယ်မယ်... ဒါပေမယ့် ပစ္စည်းကတော့ လတ်ဆတ်နေရမယ်။

ရွာသားတွေတွေအတွက် လုပ်အားနဲ့အချိန်ဟာ ပြောစရာမလိုပေ။ ပိုလို့လျှံလို့ပဲ။ ကမာကောင်ကို သန့်ရှင်းရတာဟာ မခဲယဉ်းပေမယ့် အခွံခွါလိုက်ရင် အမြတ်ကသိပ်ကျန်မှာ မဟုတ်တော့ချေ။ အတိုခြုံးပြောရရင် ပင်လယ်မျှော့မှာကပ်နေတဲ့ သဲတွေကိုဖယ်လိုက်ရင်တောင် အလေးက သိပ်မကွာသွားဘူး။ ပင်လယ်မျှော့ရဲ့တန်ကြေးက ဝက်သားဈေးထက်တောင်များတာမို့ လက်ဝင်ပေမယ့်လည်း ရွာသားတွေက ဒီအလုပ်ကို ဆက်လုပ်ဖို့သာ စိတ်အားထက်သန်နေကြတယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now