အခန်း ၁၅၆ (ပို့ဆောင်ခြင်း)

Start from the beginning
                                    

ကျောက်ဟန်က သူ့ရင်ဘတ် အရပ်လောက်သာရှိတဲ့ နူးနူးညံ့ညံ့ မိန်းမငယ်လေးကို ခေါင်းငုံ့ ကြည့်လိုက်တယ်။ သူ့အသံက သူမကို ထိတ်လန့်သွားစေမှာ စိုးရိမ်သလိုမျိုး နူးညံ့ညင်သာနေတယ်။

ယွီရှောင်ချောင်းက ခေါင်းငြိမ့်လိုက်ပြီး ရှေ့ကနေ ဦးဆောင်ကာ ခြံတံခါးဆီ ဦးတည်လိုက်တယ်။

အေးမြလတ်ဆတ်တဲ့ ညနေခင်း လေညှင်းတွေက သစ်ပင်တွေအကြားမှ တိုးဝေ့တိုက်ခတ်နေတယ်။ ထွက်ခါစ သစ်ကိုင်းလေးတွေက လေထဲမှာ ညင်သာစွာ လှုပ်ခတ်နေကြတယ်။ ညအခါမှာ အနောက်ဘက်တောင်ကုန်းကြီးက တုန်ရှန်းရွာအစွန်းပေါ် အုပ်မိုးနေတဲ့ အနက်ရောင် မကောင်းဆိုးဝါးကြီးတစ်ကောင်လို့ ထင်မှတ်ရတယ်။ ဒါပေမယ့် အချိန်အတော်များများမှာတော့ ကလေးငယ်တစ်ယောက်ကို ငုံ့မိုးကြည့်ရှုနေတဲ့ ရွာရဲ့စောင့်ရှောက်သူကြီးသဖွယ်လို...။

ကြယ်တွေရဲ့ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်က ပုံရိပ်နှစ်ခု။ တစ်ယောက်က အရပ်ရှည်ရှည် သန်သန်မာမာ။ တစ်ယောက်က အရပ်ပုပု ပိန်ပိန်ပါးပါး။ သူတို့တွေ ပေရေကြမ်းတမ်းနေတဲ့ လမ်းမပေါ် အေးအေးဆေးဆေး လျှောက်လာကြတယ်။ ကျောက်ဟန်က ငြိမ်သက်နေတဲ့ ရှောင်ချောင်းကို ငေးကြည့်နေရင်း တိတ်ဆိတ်မှုကို အရင်ဖြိုခွဲလိုက်တယ်။

ငါသွားရတော့မယ် ငါ့ကိုပြောချင်တဲ့စကားများ မရှိဘူးလား

ထိုအခိုက်မှာတော့ ယွီရှောင်ချောင်းရဲ့ရင်ထဲမှာ ဝမ်းနည်းမှု၊ မလိုလားမှုတို့ဖြင့်သာ ပြည့်နှက်နေသည်။ သူမဒီကမ္ဘာကို ဝိညာဉ်ကူးပြောင်းလာကတည်းက ကျောက်ဟန်က ပထမဆုံးမိတ်ဆွေလို့ ပြောလို့ရသည်။ သူက သူမကို ဘယ်လိုထောင်ချောင်ဆင်ရမယ်ဆိုတာ သင်ပေးခဲ့ပြီး သူမရဲ့ ပထမဆုံးသော ချမ်းသာမှုလေးကို ရနိုင်အောင် ကူညီပေးခဲ့သူဖြစ်သည်။ သူမနဲ့ သူမမောင်လေးကိုလည်း ဗိုလ်ကျအနိုင်ကျင့်တတ်တဲ့ ဟိန်ဇီဆီကနေ ကာကွယ်ပေးခဲ့ပြီး သူတို့ရဲ့ စောင့်ရှောက်ပေးသူ ဖြစ်လာခဲ့သည်။ သူမ ထူးထူးဆန်းဆန်း အပြုအမူတွေ အများကြီးလုပ်ခဲ့ပေမဲ့ သူမအား ဘယ်တော့မှ သံသယမဝင် မေးခွန်းမထုတ်ဘဲ ယုံကြည်ခွင့်လွှတ်ပေးတတ်သူလည်း ဖြစ်သည်ပင်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now