Ep 4 Uni/Zawgyi

Start bij het begin
                                    

"ဦးမိုးစက်ရတနာအတွက်တော့ စိတ်မကောင်းဘူးဒယ်ဒီ .. သူကလည်းမြစ်ကြီးနားက မရတော့ တမူးနယ်စပ်ကို သွားမယ်လို့ သတင်းရထား
တယ် .."

"ဒီတစ်ခေါက် တမူးနယ်စပ်ကဟာကိုတော့ ဒယ်ဒီတို့လက်လွှတ်လိုက်ပါကွာ .. ခုမြစ်ကြီးနားက ပစ္စည်းတွေနဲ့တင် ဒယ်ဒီတို့ကလုံလောက်သေးတယ်ကွ .."

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

"သားDiamondရေ ဒယ်ဒီတမူးကို သွားစရာရှိသေးတယ် .. အိန္ဒိယနဲ့တမူးနယ်စပ်ကနေ ပစ္စည်းသွားလဲရမယ် .. အဲ့ဒါဒယ်ဒီ မရှိတုန်း မင်းမာမီနဲ့မင်းမမကို စောင့်‌ရှောက်ထားလိုက်ပါ .."

"ဟုတ်ဒယ်ဒီ သွားပါ .. အမှန်ဆိုဒီခရီးက သားသွားရမယ့်ခရီးပါ .. ခုသားကကျောင်းတက်နေတော့ ဒယ်ဒီပဲ သွားနေရတာ .. စိတ်ချပါ မာမီနဲ့မမကို သားသေချာစောင့်ရှောက်ထားမှာပါ .. "

"စိတ်မပူပါနဲ့‌ဒယ်ဒီ .. သမီးတို့ဆီကို ပုလဲတို့မိသားစုလည်း လာနေတာပဲ ..  ပြီးတော့သမီးတို့ မောင်နှမသုံးယောက်လုံးရဲ့ တိုက်ရည်ခိုက်ရည်ကို ‌ဒယ်ဒီကိုယ်တိုင်သင်ပေးထားတာပဲ .. ကိုယ်ရံတော်တွေလည်းရှိတယ် မပူပါနဲ့ဒယ်ဒီ .."

"ဟုတ်တယ်ဒယ်ဒီ လိုအပ်ရင် သေနတ်ရော အစစ်ပါအုန်းမှာပါ .."

"ဒယ်ဒီသားနဲ့သမီးရဲ့ စွမ်းရည်ကို ဒယ်ဒီကယုံကြည်ပြီးသားပါကွယ် .."

"ကယ်ဖေကြီးတို့ စကားကောင်းမနေနဲ့ ..  သမီးကြီးလည်း ကုမ္ပဏီသွားရမှာ သားလည်းကျောင်းသွားရအုန်းမှာ .. "

"ဟုတ်ကဲ့ပါ မာမီ .."

"သားကတော့အကုန်ပြင်ဆင်ပြီးပြီ .. မမရော ဘာတွေယူအုန်းမှာလဲ သွားတော့မလား .."

"အင်း မမလည်းသွားတော့မှာ မောင်လေး .. ညနေကျမှကျောင်းဆင်းမှဝင်ကြိုနော် .. မနက်ဖြန်မမကျောင်းကိုလိုက်ခဲ့မယ်လို့ ဝါဝါဟန်ကို ပြောထားလိုက်အုန်းနော် .."

"ဟုတ်ပြီ ကျွန်တော်ပြောထားလိုက်မယ် .."

"အင်း သွားကြမယ် .. ‌ဒယ်ဒီနဲ့မာမီရေ သမီးတို့သွားပြီနော် .."

"အေးအေး သားကားကိုဂရုစိုက်မောင်းနော် .."

"ဟုတ်ကဲ့မာမီ သားသွားပြီ .."

𝐸𝑡𝑒𝑟𝑛𝑎𝑙 𝐿𝑜𝑣𝑒 𝐼𝑛 𝑀𝑎𝑓𝑖𝑎 , (𝑵𝒐𝒓𝒎𝒂𝒍) {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑...}Waar verhalen tot leven komen. Ontdek het nu