Episode[ 11 ]🧡

Start from the beginning
                                    

"နေပါဦး ချမ်းမင်း အဲ့ဒါကြီးနဲ့ရွယ်ပြီးဘာလုပ်နေတာလဲ"

မျက်တောင်တွေ ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး မျက်နှာငယ်လေးနဲ့

"ဖြတ်..."

"ဘာ!!"

"တွေ့လား တွေ့လား မင်းတပ်သားငါ့ကိုသေအောင်လို့ ခြေထောက်ခုတ်ဖြတ်မလို့တဲ့"

"ကျွန်တော်အနူးအညွတ်တောင်းပန်ပါတယ်
ဗိုလ်မှူးကြီး "

"ပါးစပ်ပိတ် ငါ့ကိုတွဲ‌ချေ"

"ဟုတ် ဗိုလ်မှူးကြီး..
နေပါဦး မင်းကဒါကြီးကိုင်ပြီးရွယ်နေတုန်းလား"

ခုနကတော့ လင်းဆောင်ကို စကားတွေပြန်ပြောနေတဲ့ ချမ်းမင်းက ချက်ချင်းသူမဟုတ်တော့သလို ပြန်အေးစက်တိတ်ဆိတ်သွားသည်။
လင်းဆောင်ကို ပခုံးချင်းယှဉ်တွဲကာ ထရပ်ကားခေါင်းခန်းကို မတင်ပေးနေချိန်

"အဲ့ကောင်ကဘာလဲ ဦးနှောက်မကောင်းဘူးလား"

"မဟုတ်ပါဘူး သူကဗိုလ်မှူးချည်နှောင့်စကားပဲ အသေမှတ်ထားတာ"

"ချည်နှောင့်ရဲ့ အစောင့်ခွေးပေါ့"

"အဲ့လိုသဘောပါပဲ"

"ပြီးတော့ ဆံပင်အရှည်ကြီးနဲ့ မင်းတို့အလှကြည့်ထားတာလား"

"ဘယ်လိုမှ လုပ်မရလို့ပါ ချမ်းမင်းကနည်းနည်းအရိုင်းဆန်တယ်"

"အေး အရိုင်းဆန်ရုံတင်မဟုတ်ဘူး ခေါင်းပါထိထားတာ၊ မင်းရောက်မလာရင် ငါကအောင်ပွဲရဒုက္ခိတဖြစ်ဦးမယ်"

"စိတ်လျှော့ပါ ဗိုလ်မှူးကြီးရယ်"

"မလျှော့နိုင်ဘူး ငါချည်နှောင့်ကို ပြဿနာပြန်ရှာရမှ ကျေနပ်နိုင်မယ်"

"သဘောပါပဲ ဗိုလ်မှူးကြီးရယ်"

"ပြီးပြီလား လူစုံပြီလား"

အနောက်ဘက်ကိုလှမ်းကြည့်လိုက်တော့ ဒဏ်ရာရထားတဲ့ တပ်သားတွေကို ထရပ်ကားရဲ့အနောက်ကန့်မှာ နေရာယူထားပေးသွားချေပြီ။ပါလာတဲ့ ကားအပိုတစ်စီးပေါ်မှာလည်း ပြည့်နေပြီ..

"ရပါပြီ ဗိုလ်မှူးကြီး"

"ဒါဆို ထွက်တော့.."

မြတ်နိုးရပါသော သုံ့ပန်း[ Beloved Captive ]Where stories live. Discover now