Ep 1 Uni/Zawgyi

9.5K 161 1
                                    

Unicode

အပိုင်း {1}

တာဝတိံသာစံအိမ်ကြီး နှင့် မိုးမကရတနာစံအိမ်ကြီးတို့သည် မာဖီးယားဂိုဏ်းလောကတွင် အကြီးကျယ်ဆုံး၊အမြင့်မြတ်ဆုံး၊အခမ်းနားဆုံး စံအိမ်ကြီးများဖြစ်ပြီး။ စံအိမ်ကြီးနှစ်ခုသည် မာဖီးယားလောကတွင် နံပါတ်တစ်နေရာကို အပြိုင်အဆိုင်ယူထားကြသည်။ မာဖီးယားဂိုဏ်းလောကတွင်လည်း အမြဲတမ်းပြိုင်ဆိုင်လျှက် ရှိနေဆဲ။ စံအိမ်ကြီးနှစ်ခုလုံး၏ အရှိန်အဝါမှာ အလွန်ပင်ကျော်ကြားလှသည်။ မြန်မာနိုင်ငံထဲတွင်လည်း ကုမ္ပဏီများစွာက အပြိုင်အဆိုင် အောင်မြင်မှုကိုယ်စီရယူထားပြီး မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းဝင်ထဲတွင် စံအိမ်နှစ်ခုလုံး TOP 1နေရာပဲ ရယူထားကြပြန်သည်။

တာဝတိံသာစံအိမ်ကြီးတွင် နေမင်းကမ္ဘာ၊လမင်းကမ္ဘာနဲ့ နေအလင်္ကာဟူ၍ သားသုံး‌ယောက်ရှိလေသည်။ နေမင်းကမ္ဘာ နဲ့ လမင်းကမ္ဘာဟာ ရက်စက်သကဲ့သို့ သူတို့ရဲ့ညီအငယ်ဆုံး နေအလင်္ကာဟာ ပို၍ပင် ရက်စက်သည်။ သူလိုချင်တာကို ရအောင်ယူတတ်သကဲ့သို့ အစ်ကိုနှစ်‌‌ယောက်၏ အလိုလိုက်မှုကြောင့် တာဝတိံသာစံအိမ်ကြီးတွင် အဆိုးဆုံး၊အရက်စက်ဆုံးပင် ဖြစ်သည်။ ဖခင်ကြီး ဦးနေလင်းကမ္ဘာကိုယ်တိုင်ကလည်း မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်၍ သားသုံးယောက်လုံးသည် မာဖီးယားဖခင်ကြီးရဲ့ခြေယာကို အတိအကျလိုက်နင်းနိုင်ကြသည်။

မိုးမကရတနာစံအိမ်ကြီးတွင် ပတ္တမြားရတနာ၊ပုလဲရတနာ နှင့် Diamondဟူသော မောင်နှမသုံးယောက်ရှိလေသည်။ ဖခင်ကြီးဦးမိုးစက်ရတနာကတော့ မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး သူ၏မာဖီးယားခေါင်းဆောင်နေရာကို သူ၏အငယ်ဆုံးသား Diamondအားပေးရန် ရည်ရွယ်ထားသည်။ သမီးနှစ်‌ယောက်ကိုတော့ သာမာန်လောကတွင်သာ ကျင်လည်စေသည်၊ သို့ပေမယ့် သူ၏သမီးနှစ်ယောက်လုံး မာဖီးယားလောကနဲ့ မစိမ်းကြပေ။

ပတ္တမြားရတနာသည် စံအိမ်တွင်အကြီးဆုံးသမီးဖြစ်ပြီး နိုင်ငံခြားမှပညာတော်သင်ပြီး ဘွဲ့အသီးသီးယူခဲ့ပြီးနောက် စီးပွားရေးလောကထဲသို့ ဝင်တော့မည်ဖြစ်ပြီး မိုးမကမိသားစုကြီး၏ ကုမ္ပဏီများစွာထဲတွင် အကြီးဆုံးကုမ္ပဏီဖြစ်သော Only Oneကုမ္ပဏီကြီးတွင် သူမဖခင်၏ CEOနေရာလွှဲ‌ပြောင်းယူတော့မည် ဖြစ်သည်။

𝐸𝑡𝑒𝑟𝑛𝑎𝑙 𝐿𝑜𝑣𝑒 𝐼𝑛 𝑀𝑎𝑓𝑖𝑎 , (𝑵𝒐𝒓𝒎𝒂𝒍) {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑...}Where stories live. Discover now