Episode[ 10 ]🧡

Start from the beginning
                                    

'ဗိုလ်မှူး..ကျွန်မက အဝေးမှုန်ဆိုတာ မမကြီးသိသွားပြီး မျက်မှန်တစ်လက်ဆင်ပေးတယ်။
ဒါပေမဲ့ လေ့ကျင့်ရေးမှာ ခဏခဏအကြောင်းအမျိုးမျိုးနဲ့ဖိမိပြီး ကွဲလွန်းလို့ အခုဆို မမကြီးက ကျွန်မကို မျက်မှန်လုပ်နည်းသင်တန်းတောင်တတ်ခိုင်းထားတယ်'

နိုရာကအရိပ်အကဲမသိပျော်နေ၏။
ချမ်းမင်းကျပြန်တော့လည်း စာပို့တာတောင် သတင်းပေးစာကြီးနဲ့တူနေအောင် ရေးထားသည်။တကယ်ကို လူတွေနဲ့အနေဝေးတဲ့ကလေးပင်။ဒါကိုတော့ ဖြေးဖြေးချင်းပြုပြင်ယူရမည်။

'ချမ်းမင်း
မင်းငါ့ဆီစာပို့ရင် ဒီ့ထက်ပိုပြီး သဘာဝဆန်လို့ရပါတယ်။မင်းဖြစ်သမျှငါ့ကို တိုင်ပင်လို့ရတယ်။ဘာပဲဖြစ်ဖြစ် ငါမင်းအတွက်ရှိနေပါတယ်..အစဆိုတော့ ပင်ပန်းမယ် ကြောက်နေမိမယ် နောက်ပိုင်းမှာအဆင်ပြေသွားလိမ့်မယ် ဒါကြောင့်စိတ်မပူပါနဲ့..

မင်းချည်နှောင်ကြိုး '

ဗိုလ်မှူးက ကျွန်တော့်ရဲ့စိတ်ကို ဖောက်ထွင်းမြင်နေရတာလား...သူအကုန်ကိုသိနေတာပဲ။ဒါပေမဲ့ ဗိုလ်မှုးက အဲ့လိုပြောတော့ စိတ်သက်သာရာရခဲ့တယ်။ဗိုလ်မှူးနဲ့ ပိုနီးလာသလိုခံစားရခဲ့တယ်။ဒီနေ့ လေ့ကျင့်ရေးမှာ ကျွန်တော့်လက် သေနတ်ပြောင်းမှာတပ်ထားတဲ့ ဗက်နက်နဲ့ထိုးမိခဲ့တယ်။(ဗက်နက်ဆိုတာက 1900ကျော်တုန်းက စစ်ပွဲတွေမှာ သေနတ်ပြောင်းအပေါ်မှာတပ်ထားတဲ့ ၈လက်မအသွားရှိတဲ့ ဓားရှည်ဖြစ်ပါတယ်)
လေ့ကျင့်ရင်းဖြစ်သွားခဲ့ပေမဲ့ မမကြီးကိုကြည့်ရတာ တော်တော်စိတ်ပူနေတဲ့ပုံပေါက်နေခဲ့တယ်..ဒီအကြောင်းကို ဗိုလ်မှူးကိုဖွင့်ပြောမိတဲ့အခါ

"အဲ့ဒါတွေကို သေချာဂရုစိုက် ဒဏ်ရာဖြစ်တာမကောင်းဘူး။တခါတခါကျ ဖြတ်ပစ်ရတတ်တယ်။ နောက်တစ်ခါထပ်မဖြစ်စေနဲ့ ချမ်းမင်း ဒီ့ထက်လုံလုံခြုံခြုံလေ့ကျင့်ပါ။ငါနောက်နေတာမဟုတ်ဘူး တကယ်ဖြတ်ရလိမ့်မယ်" တဲ့

အဲ့ဒါကြောင့် မမကြီးကတအားစိတ်ပူနေတာဖြစ်မယ်။ဗိုလ်မှူးစကားကို သေချာနားထောင်ကြီးနောက်အဲ့လိုထပ်မဖြစ်အောင် နေနေပြီလေ။

ဗိုလ်မှူးကလိမ်တယ်...(၁)နှစ်လို့ ပြောပြီး
(၄)နှစ်တောင််ကြာခဲ့တယ်၊ကျွန်တော်အသက်(၁၅)ထဲရောက်ခဲ့တဲ့အထိ ဗိုလ်မှူးကျွန်တော်တို့ကိုလာမတွေ့ခဲ့ဘူး။
ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာပေးတာလား ၊ကျွန်တော်ကံကောင်းခဲ့တာလား..လေ့ကျင့်ရေး(၃)နှစ်အကြာမှာ ပထမဆုံးစစ်ဆင်ရေးအနေနဲ့ ရုတ်တရက်တာဝန်ကျခဲ့တယ်။
တကယ်ရုတ်တရက်ပါပဲ...

မြတ်နိုးရပါသော သုံ့ပန်း[ Beloved Captive ]Where stories live. Discover now